Extra - 6

3.8K 560 15
                                    

Unicode

ကလေးဘဝမှတ်ဉာဏ်များ

_________________________

ရှန်ရှင်းဆွေ့ တစ်ခါတုန်းက ရွှီအန်းကျန်းကို ဓာတ်ပုံအယ်ဘမ်တွေ ရှင်းပေးတုန်းက စာအုပ်စင်ရဲ့နောက်ဆုံးတစ်နေရာမှာ ဘောင်သွင်းထားတဲ့ ဓာတ်ပုံတစ်ပုံကို မထင်မှတ်ထားစွာ တွေ့လိုက်ရတယ်။ အဲဒါက အနည်းငယ် အဝါရောင်သမ်းနေပြီဖြစ်တဲ့ ဓာတ်ပုံလေးဖြစ်တယ်။ နောက်ခံက ကစားကွင်းတစ်ခုရဲ့ သစ်ပင်ကြီးအောက်မှာဖြစ်တယ်။ သစ်ပင်ကြီးအောက်မှာ လူငါးယောက်အတူ တွဲရိုက်ထားတာဖြစ်ပြီး အလယ်မှာကလေးတစ်ယောက် မတ်တပ်ရပ်နေလေတယ်။

သူအဲဒီဓာတ်ပုံကို ကြည့်နေတာမြင်တော့ ရွှီအန်းကျန်း ပြုံးကာပြောလာတယ် "အဲဒါက အရင်တုန်းက ရှင်းချန်နဲ့ မင်လောင် ငယ်ငယ်တုန်းက ကစားကွင်းဆီသွားတဲ့တစ်နေ့လေ၊ အဲဒီတုန်းက လမ်းပျောက်နေတဲ့ ကလေးတစ်ယောက်နဲ့ တွေ့တာလေ၊ နောက်တော့ အတူတူဓာတ်ပုံတွဲရိုက်ဖြစ်ခဲ့တာ"

ရှန်ရှင်းဆွေ့ အဲဒီဓာတ်ပုံကို စိတ်လွတ်ကိုယ်လွတ်ကြည့်နေမိတယ်။ သူအဲဒီဓာတ်ပုံအဟောင်းလေးကိုကြည့်ပြီး အတွေးလွန်နေတာဖြစ်တယ်။ အလွန့်အလွန်ဝေးကွာနေပြီဖြစ်တဲ့ ကိစ္စတွေဖြစ်ပေမဲ့ သူကတော့ အဲဒီမှတ်ဉာဏ်တွေကို ပြန်အစဖော်နိုင်တုန်းပဲ :

သူငယ်ငယ်တုန်းက ပိတ်ရက်တစ်ရက်မှာ အိမ်ကလူတွေအားလုံး ဘာအလုပ်မှမရှိတာနဲ့ ကျန်ရှင်းဆွေ့တို့ တစ်မိသားစုလုံး အတူတူကစားကွင်း သွားဖြစ်ခဲ့ကြတယ်။

သွားတဲ့လမ်းမှာ အားလုံးကားပေါ်ရောက်တော့ ကျန်ကျစ်ပြောလိုက်တယ် "ခဏနေရင် ငါတို့ roller coaster စီးကြရအောင်"

"ပြီးတော့ သရဲအိမ်ရော ဝင်ရအောင်" ကျန်ကျစ်က သူ့အတွေးတွေကို ထုတ်ပြောလာလေတယ် "ငါ့သူငယ်ချင်းနှစ်ယောက်လည်းဝင်ကြမှာ"

ဘေးမှာထိုင်နေတဲ့ ကျန်ရှင်းဆွေ့က အသံတိုးနဲ့ပြောလာတယ် "ကျွန်တော်လည်း ကောတို့နဲ့ အတူတူကစားချင်တယ်"

ကျန်ကျစ်နဲ့ ကျန်ကုက ကားပေါ်မှာထိုင်နေကာ သူတို့ကြားတော့ ပြောလာလေတယ် "မင်းအသက် ဒီလောက်ငယ်တာ ချားရဟတ်ပဲစီးပေါ့ တခြားဟာတွေဆော့မနေနဲ့တော့"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now