Chapter - 67.2

13.2K 2.2K 93
                                    

Unicode

fanသရုပ်မှန်ဖော်ထုတ်မိခြင်း
__________________________

သူသိမ်းဆည်းလို့ပြီးသွားတဲ့နောက် ငါးရက်အတွင်းသီချင်းပြီးအောင်ရေးမယ်ဆိုတာနဲ့ စတင်အလုပ်များတော့တယ်။

ဒီသီချင်းကို သူအရမ်းအလေးထားလေတယ်။ ကျန်ကျစ်ကြောင့် သူတစ်ရက်နှောင့်နှေးနေပြီဖြစ်ကာ ကျန်တဲ့လေးရက်ကို သူသေချာပေါက် အားကုန်သုံးပြီး သီချင်းရေးမှပဲရတော့မှာဖြစ်တယ်။ ဒီနေရာက အရင်ကအမှန်တကယ်ကို စာကြည့်ခန်းဖြစ်တယ်။ မလှမ်းမကမ်းက စားပွဲပေါ်မှာ စာရွက်နဲ့ဘောပင်လည်း ချထားသေးတယ်။ ရှန်ရှင်းဆွေ့ စာရွက်လွတ်တစ်ရွက် သွားယူလိုက်တယ်။ ပြီးနောက် ကုတင်ပေါ်မှာထိုင်ပြီး သီချင်းနုတ်တွေစတင်ရေးတော့တယ်။

သူ့မှာအကျင့်ဆိုးတစ်ခုရှိတယ်။ သူကိစ္စတစ်ခုခုမှာ စျာန်ဝင်သွားပြီးဆိုရင် အမြဲတမ်းအချိန်မေ့တတ်တာပဲ။ တစ်လျှောက်လုံးထိုင်ရေးနေပြီး မနက်၄နာရီ၅နာရီမှ အိပ်တတ်တဲ့သူဖြစ်တယ်။ အဲဒီအိပ်လိုက်တာက မနက်၉နာရီ ၁၀နာရီလောက်မှပဲနိုးတော့တာဖြစ်တယ်။ နိုးလာပြီဆိုရင် အပြင်ဘက်မှာတောက်ပနေတဲ့ နေမင်းကြီးကိုတောင် မြင်နိုင်သေးတယ်။

"......"

သွားပြီ။

ရှန်ရှင်းဆွေ့ဖုန်းကိုကြည့်လိုက်တာနဲ့ မနက်၉နာရီထိုးနေပြီဖြစ်တယ်။ ဖုကျင်းရှောင်း သူ့ကိုမနှိုးတဲ့အတွက်ကြောင့်လည်း အံ့အားသင့်နေမိတယ်။

သူအမြန်နှုန်းနဲ့အိပ်ရာထပြီး တံခါးဖွင့်လိုက်တယ်။ မလှမ်းမကမ်းကထမင်းစားစားပွဲပေါ်မှာ မနက်စာတင်ထားတာကိုတောင် မြင်လိုက်ရသေးတယ်။ ဘေးနားကစာရွက်လေးက ဖုကျင်းရှောင်းရေးထားတာဖြစ်တယ်။ သူအပြင်သွားပြီး အလုပ်လုပ်နေရပြီဖြစ်ပေမဲ့ သူ့အတွက်စာချန်ထားခဲ့ပြီး မနက်စာစားပြီးမှသွားဖို့ ပြောထားလေတယ်။

ရှန်ရှင်းဆွေ့နည်းနည်းရှက်သွားရတယ်။

သူအိုင်ဒေါအိမ်မှာ ပထမဆုံးအကြိမ်အိပ်တာကို သူအအိပ်လွန်သွားပြီး မနက်ကျတော့လည်း မတွေ့လိုက်ရဘူး!

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now