Chapter - 52.1

16K 2.4K 179
                                    

Unicode

အန်းရန်ကိုအနေခက်စေသောအချိန်ကာလ
________________________________________

Morning kissလိုကိစ္စမျိုးက ရှန်ရှင်းဆွေ့စိတ်ထဲမှာ အနည်းငယ်ပြိုလဲချင်စရာကောင်းလေတယ်။

တခြားအကြောင်းကြောင့်မဟုတ်ဘဲ ဒီလိုယဥ်ကျေးမှုမရှိတဲ့အပြုအမူက မုန်းစရာဖြစ်သွားမှာစိုးတာကြောင့်ဖြစ်တယ်။ အခုမှခက်ခက်ခဲခဲနဲ့ သူနဲ့ဖုကျင်းရှောင်းရဲ့ဆက်ဆံရေး နည်းနည်းပိုကောင်းလာတာဖြစ်ပြီး သူကစိတ်ရှုပ်စရာကောင်းတဲ့ နောက်လိုက်လေးမဟုတ်ခဲ့တော့ဘူး။ ဒါပေမဲ့ဒီလိုကိစ္စမျိုးလုပ်ဖို့ အလွှတ်ခံရလိမ့်မယ်လို့ သူလုံးဝမထင်ထားမိခဲ့ဘူးဖြစ်တယ်။

တကယ်လို့သာ အမုန်းခံလိုက်ရရင် သူသေချာပေါက် ဝမ်းနည်းပြီးငိုမိတော့မှာ။

ဒါရိုက်တာကတော့ အေးစက်လှတဲ့စကားတွေ ပြောနေဆဲပဲဖြစ်တယ် "ဆွေ့ဆွေ့ရေ အချိန်မနှောင်းစေနဲ့ မြန်မြန်သွားတော့ မြန်မြန်သွားမြန်မြန်ပြန်လာခဲ့"

ဒီစကားက မြန်မြန်သွားသေပြီး မြန်မြန်ပြန်မွေးဖွားလာခဲ့လို့ ပြောနေသလိုခံစားလိုက်ရတယ်။

ရှန်ရှင်းဆွေ့ နည်းလမ်းမရှိတော့ဘူးဖြစ်တယ်။ ဒီအစီအစဥ်ကို ရောက်လာပြီးပြီဖြစ်တာကြောင့် သူခေါင်းမာနေလို့မရနိုင်တော့ဘူး။ အင်္ကျီသေချာဝတ်ပြီး ရိုးရိုးရှင်းရှင်းသန့်စင်လိုက်ကာ ထွက်ခဲ့လိုက်တော့တယ်။

တဖြည်းဖြည်းနဲ့အာရုဏ်တက်ချိန်ရောက်လာပြီဖြစ်တယ်။

အပြင်ဘက်ရှိကောင်းကင်ကြီးဟာ မြူဆိုင်းလျက်ရှိတယ်။ ဒီမြို့ငယ်လေးက တောင်နဲ့နီးကပ်လေတယ်။ မဝေးလှတဲ့နေရာက စိမ်းစိုနေတဲ့တောင်ကြီးဟာလည်း မြူခိုးတွေ၊ တိမ်တွေနဲ့ဝန်းရံလျက်ရှိတယ်။ အိမ်တော်အတွင်း၌ အလွန်တိတ်ဆိတ်လျက်ရှိပြီး တစ်ခါတစ်ရံကြားရတတ်တဲ့ ငှက်သံတွေက ငြိမ်းချမ်းတဲ့သဘောဆောင်လျက်ရှိတယ်။

ဒါရိုက်တာက အသံတိုးတိုးနဲ့ တိုက်တွန်းလာပြန်တယ် "မြန်မြန်သွား"

ရှန်ရှင်းဆွေ့ အဲဒီတော့မှ ဘေးအခန်းကတံခါးအပေါ် မျက်လုံးရောက်သွားတော့တယ်။ ပြီးနောက် အသက်ပြင်းပြင်းတစ်ချက်ရှူကာ ဖုကျင်းရှောင်းရဲ့အခန်းတံခါးဝရှေ့ရောက်သွားပြီး ရပ်လိုက်ပြန်တယ်။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now