Chapter - 56.2

15K 2.4K 124
                                    

Unicode

မားမား ကျွန်တော်ပါ
___________________

ဖုကျင်းရှောင်းစာရင်းတွေကိုအောက်ချလိုက်ပြီး ဖြည်းညင်းစွာပြောလာတယ် "ဒါဆိုမင်းပြောသလိုပဲလုပ်လိုက်တာပေါ့ ဒီဘက်ကဆိုင်ကိုကိုယ်တို့သိမ်းဆည်းထားမယ် မင်းနဲ့ရှန်းချန်က လီလောင်ရှီးတို့ဘက်တစ်ခေါက်သွားပြီး ပန်းနည်းနည်းသွားယူလိုက်ပေါ့"

ရှန်ရှင်းဆွေ့ဒါကိုကြားတော့ အပြုံးလေးထွက်ပေါ်လာခဲ့တယ် "တကယ်လား?"

ဖုကျင်းရှောင်းခေါင်းညိတ်လိုက်တယ်။

ရှန်ရှင်းချန်စိတ်လှုပ်ရှားစွာနဲ့ လက်သီးဆုပ်ကာ ခုန်ပေါက်နေလိုက်သေးတယ် "ယေး! ဒါဆိုကျွန်တော်တို့အခုပဲသွားလိုက်မယ်!"

ရှန်ရှင်းဆွေ့လည်း တူညီစွာပဲအလွန်ပျော်ရွှင်လျက်ရှိတယ်။ နှစ်ယောက်လုံးဟာ ရိုးရှင်းတဲ့စိတ်ထားလေးတွေရှိကြတယ်။ အခုဆုံးဖြတ်ပြီးသွားပြီဆိုတော့ ရိုက်ကူးရေးအဖွဲ့ဆီမြန်မြန်သွားပြီး ကားသွားငှားကြတော့တယ်။ လီရွှိအန်းကိုတော့ ရှုပ်ထွေးနေတဲ့အတွေးတွေကြား တစ်ယောက်တည်းချန်ထားခဲ့ကြတော့တယ်။

Live roomထဲက ပရိသတ်တွေကတော့ အမှန်ကိုပျော်ရွှင်နေကြတော့တယ် :

"ဟားဟားဟား လီရွှိအန်းရဲ့အမူအရာက လူ့ဘဝကိုသံသယဝင်နေတယ်ဆိုတာသိသာလိုက်တာ"

"ဖုကော ကောဒီလိုလုပ်တာ တကယ်ပဲအဆင်ပြေရဲ့လား?"

"ကိုယ့်ကလေးရဲ့အကြံပေးချက်က သေချာပေါက်အဓိပ္ပာယ်ရှိတာပေါ့!"

"ငါရယ်သေနေပြီ"

ရှန်ရှင်းဆွေ့တို့ဘက်မှာတော့ ဒါရိုက်တာအဖွဲ့နဲ့ သုံးဘီးငှားဖို့ကိစ္စ ညှိနှိုင်းနေကြတာဖြစ်တယ်။ ဒါရိုက်တာအဖွဲ့က အလကားမငှားလိုက်ချင်ဘဲ တစ်ခုတောင်းဆိုလာခဲ့တယ် "သုံးဘီးငှားတာ နာရီဝက်ကို၅၀ပေးရမယ်"

ရှန်ရှင်းဆွေ့အံ့အားသင့်သွားပြီး "ဘာလို့ဒီလောက်တောင်စျေးကြီးရတာတုန်း?"

ဘေးနားက တန်ဖိုးကြီးအဝတ်အစားတွေ အစားအသောက်ကောင်းတွေနဲ့ ကြီးပြင်းလာခဲ့တဲ့ရှန်ရှင်းချန်ကတော့ ဘာမှမခံစားရဘဲ ပိုက်ဆံချေဖို့ကုဒ်တောင်scanဖတ်ဖို့ လုပ်လိုက်သေးတယ်။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now