Chapter - 70.2

13.6K 2.2K 270
                                    

Unicode

ဖုလောင်ရှီးကတကယ့်ကိုလူကောင်းတစ်ယောက်ပါ
___________________________________________

သူ့ရဲ့ရက်ရောမှုနဲ့ ရိုးရိုးရှင်းရှင်းစကားတွေက ဒီနှစ်ရဲ့နှစ်ကုန်အကျိုးခံစားခွင့်ကို တိုးပွားလာစေခဲ့တယ်။

သေးငယ်တဲ့အဝတ်လဲခန်းလေးထဲမှာ ပျော်ရွှင်တဲ့အသံတွေထွက်ပေါ်လာခဲ့တယ်။ အားလုံးရဲ့မျက်နှာပေါ်မှာလည်း အပြုံးကိုယ်စီရှိနေကြတယ်။ ဒါကလည်း လူတွေတော်တော်များများ ဖုကျင်းရှောင်းနောက်ကို အကြွင်းမဲ့လိုက်နာကြတဲ့ အကြောင်းအရင်းဖြစ်တယ်။ ရက်ရောက်တယ်။ တကယ်ကို အရမ်းရက်ရောလွန်းတယ်။

ရှန်ရှင်းဆွေ့ ဘေးကနေ အရမ်းရှုပ်ထွေးနေတယ်။

ဝမ်မိန်စန့်ပြုံးကာ သူ့ကိုပုတ်လိုက်ပြီး ပြောလာတယ် "မင်းစိတ်ချပါ မင်းရဲ့အဲဒီpublic relationအတွက် လက်ဆောင်တွေပြီးတော့ လက်ဆောင်ဘူးတွေကို မင်းရဲ့ဖုလောင်ရှီးက အစောကတည်းက မင်းရဲ့နာမည်နဲ့ မီဒီယာတွေ ဒီနယ်ပယ်အတွင်းကလူတွေဆီကို ပို့ပေးပြီးသွားပြီ ကျေးဇူးတင်ရမဲ့လူက ကျဲမဟုတ်ဘူးနော်"

ရှန်ရှင်းဆွေ့ အံ့အားသင့်စွာနဲ့ ဖုကျင်းရှောင်းကို ကြည့်လိုက်မိတယ်။

"အားနာစရာမလိုပါဘူး" ဖုကျင်းရှောင်းကလက်ထဲမှာ အမဲရောင်ဖုန်းတစ်လုံးကိုကိုင်ထားတယ်။ ပြောထွက်လာတဲ့စကားက နောက်ပိုင်းဆွဲသွားပြီး အနည်းငယ်ထူးဆန်းတဲ့ အငွေ့အသက်မျိုးရရှိလေတယ် "ပြီးတော့ ကိုယ်ကလူကောင်းပဲမဟုတ်လား"

ဝမ်မိန်စန့်အံ့သြသွားရတယ် "အာ?"

ရှန်ရှင်းဆွေ့ တစ်နေရာရာက မှားနေတယ်လို့ခံစားမိပေမဲ့လည်း ပြောလိုက်တယ် "ရှဲ့ရှဲ့ဖုလောင်ရှီး ကျွန်တော်... ကျွန်တော်တကယ်တော့ လောင်ရှီးအတွက် လက်ဆောင်ပြင်ခဲ့တယ်"

ဖုကျင်းရှောင်း အရမ်းအံ့သြသွားပြီး "ဟုတ်လား?"

ရှန်ရှင်းဆွေ့ ခေါင်းညိတ်ပြလိုက်ပေမဲ့ ထပ်ပြောလာခဲ့တယ် "ဒါပေမဲ့ ကျွန်တော်မယူခဲ့မိဘူး"

"......"

အခန်းတွင်းတိတ်ဆိတ်သွားရတယ်။

ဝမ်မိန်စန့်က သူ့ကိုနှစ်သိမ့်ပေးလာတယ် "ဒါတွေအားလုံးက ကျဲမင်းအတွက်လုပ်ပေးပြီးသွားပါပြီ စိတ်မပူပါနဲ့ မင်းကငယ်သေးတော့ မသိသေးတဲ့စည်းမျဥ်းတွေ အများကြီးရှိသေးတယ် ကျဲကမင်းတို့ရဲ့အေးဂျင့်လေ ဒါတွေအားလုံးက ကျဲမင်းတို့အစားလုပ်ပေးထားသင့်တာတွေပဲ မင်းတို့ကနှစ်သစ်ကူးကို ကောင်းကောင်းဖြတ်သန်းကြ ပြန်သွားပြီး တခြားစီနီယာတွေပေးလာမဲ့ ဟုန်ပေါင်းကိုသာ စောင့်နေလိုက်ပါ!"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now