Chapter - 22

15.1K 2.3K 148
                                    

Unicode

မင်းကလည်း သူတို့ရဲ့သားသမီးအရင်းမဟုတ်လောက်ဘူး
____________________________________

ကျန်ရှင်းဆွေ့က သူ့နောက်ကနေတစ်ယောက်ယောက်ကြည့်နေသလို ခံစားနေရတယ်။ သူလှည့်ကြည့်လိုက်တော့လည်း ရုပ်ရှင်ဧကရာဇ်ဖုက ရှန်ရှင်းချန်နဲ့ စကားပြောနေတယ်။ သူတိုစကားပြောနေကြတာ သု့ကိုတောင်ဂရုစိုက်မိကြပုံမပေါ်ပါဘူး။

သူအထင်မှားတာပဲနေမှာပါ...

သူခေါင်းတစ်ချက်ခါလိုက်တယ်။ မထိန်းချုပ်နိုင်စွာပဲ သူလှည့်လှည့်ကြည့်မိနေတယ်။ အဲ့ဒီ့ငုံဆေးကို ရုပ်ရှင်ဧကရာဇ်ဖု စားပြီးပြီလားမသိဘူး။ သူ့လည်ချောင်းက သက်တောင့်သက်သာဖြစ်မနေရင် အဲ့ငုံဆေးကသူ့ကိုသက်သာအောင် လုပ်ပေးနိုင်တယ်။

ထူရာကသူ့ရဲ့အကြည့်တွေကို သတိထားမိသွားပြီးတော့ အသံတိုးတိုးနဲ့ "ဆွေ့ဆွေ့ မင်းဖုလောင်ရှီးကို သွားပြီးနှုတ်ဆက်ချင်လို့လား?"

ကျန်ရှင်းဆွေ့က သူ့အကြည့်တွေကိုပြန်ရုပ်သိမ်းကာ အလျင်အမြန်ခေါင်းခါလိုက်တယ် "မဟုတ်ပါဘူး မဟုတ်ပါဘူး ကျွန်တော်ဒီတိုင်းပဲကြည့်တာပါ"

ထူရာက သူ့တုံ့ပြန်မှုကြောင့် လန့်တောင်သွားခဲ့တယ်။

သိပ်မကြာခင်မှာပဲ ရွှေအိုရောင်ဆံပင်နဲ့ နည်းပြဆရာမလေးက ထပ်ပြီးပြုံးလာခဲ့တယ်။ ပြီးတော့သူမက "စိတ်မလှုပ်ရှားပါနဲ့  ကျဲကဘာသဘောနဲ့မှမေးတာမဟုတ်ပါဘူး မင်းကိုပြောချင်တာက တကယ်တော့ ဖုကောကအဲ့လောက်လည်း ကြောက်စရာမကောင်းပါဘူး သူကမင်းတို့လေ့ကျင့်နေတဲ့အချိန်တုန်းက စည်းကမ်းတင်းကျပ်ပေမဲ့ ပုံမှန်ဆို မင်းတို့အပေါ် ဂရုစိုက်ပါတယ် တကယ်လို့မင်းသူ့ကို ကြိုက်တယ်ဆိုရင် သွားပြီးစကားပြောလို့ရပါတယ် ကြောက်စရာမလိုပါဘူး"

ကျန်ရှင်းဆွေ့က နားလည်ပါပြီလို့ပြောမလို့ရှိတုန်း သူ့ဘေးကအန်းရန်က "ကျွန်တော့အထင် ဖုကောကအရမ်းကောင်းတယ် ကျွန်တော်တို့အပေါ်တင်းကျပ်တယ်ဆိုတာကလည်း ဖြစ်သင့်ပါတယ် ပြီးတော့ ဖုကောကအရမ်းကြီးတင်းကျပ်တာမျိုးလည်းမဟုတ်ပါဘူး ဖုကောကနူးညံ့တယ်ဆိုတာ ကျွန်တော်ခံစားမိပါတယ်"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now