Chapter - 6

16.1K 2.4K 133
                                    

Unicode

ဒါရိုက်တာကတစ်သက်လုံး ဒီလောက်ထိအောင် မဆွံ့အဖူးဘူး
_______________________________________________

အပြင်ဘက်မှာထိုင်နေတဲ့ဂျန်ရှင်းဆွေ့က လူကိုယ်တိုင်တောင်မတွေ့ရသေးပဲ သူတို့ကိုဘယ်လောက်ထိ ဒုက္ခပေးပြီးပြီလဲဆိုတာမသိသေးဘူး။

လက်ထောက်ဒါရိုက်တာဖုန်းပြောပြီးသွားတော့ အကူအညီမဲ့နေတဲ့ပုံစံနဲ့ ထိုင်ခုံပေါ်ပုံကျသွားတော့တယ်။

ဒါရိုက်တာကဘာဖြစ်လဲဆိုတာမသိသေးတော့ မေးလိုက်တယ် "ဘာဖြစ်လို့လဲ?"

"ဂျန်မိသားစုကတစ်ယောက် ဖုန်းဆက်ပြီးလုံးဝကိုမရွေးခိုင်းတဲ့ ဂျန်ရှင်းဆွေ့ကိုမှတ်မိလား?" လက်ထောက်ဒါရိုက်တာကပြောတယ်။

ဒါရိုက်တာကမစ်တီးသောက်ရင်း ခေါင်းငြိမ့်ပြတယ် "အင်း မှတ်မိတယ် ဘာလို့လဲ?"

လက်ထောက်ဒါရိုက်တာက အသက်ပြင်းပြင်းရှုလိုက်ပြီးတော့ "အခုပဲ ဖုကောရဲ့အေးဂျင့်ကဖုန်းဆက်တယ် သူတို့ရွေးလိုက်တဲ့ပြိုင်ပွဲဝင်က ဂျန်ရှင်းဆွေ့တဲ့"

"အဟွတ်...အဟွတ်...အဟွတ်"

ဒါရိုက်တာကမစ်တီးသောက်ရင်းသီးသွားတယ်။ သီးပြီးသေတော့မလို့။ သူဆက်ပြီးချောင်းဆိုးနေတယ်။ နောက်ဆုံးမျက်နှာတစ်ပြင်လုံးနီရဲသွားမှပဲ ချောင်းဆိုးရပ်တော့တယ်။ သူမယုံကြည်နိုင်စွာနဲ့ လက်ထောက်ဒါရိုက်တာကို ကြည့်လိုက်တယ် "မင်းဘာပြောလိုက်တာ?"

လက်ထောက်ဒါရိုက်တာက သူအသံသွင်းထားတဲ့ phone recordကိုဖွင့်ပြလိုက်တယ်။

ဒါရိုက်တာကနွေရာသီကြီးမှာ ထွက်လာတဲ့ချွေးစေးတွေကို သုတ်လိုက်တယ်။ သူ့လက်တွေကတုန်နေဆဲပဲ "အဲ့ဒီ့ဂျန်ရှင်းဆွေ့ရဲ့အချက်အလက်ဖိုင်ကို ငါ့ဆီယူခဲ့ပေး ဘယ်ကဘိုးဘေးလေးလဲဆိုတာ ငါကြည့်ကြည့်ရမယ်"

တကယ်လို့ အဲ့တာကဂျန်မိသားစုကပဲဖုန်းဆက်တာဆိုရင်တော့ သူတို့အဲ့လောက်ဂရုစိုက်နေမှာမဟုတ်ဘူး။ ဒါပေမဲ့ ဖုကျင်းရှောင်းကဖုန်းဆက်တာဆိုရင်တော့ အကုန်လုံးကမတ်တပ်ထရပ်ကြလိမ့်မယ်။

လူအများရဲ့အာရုံစိုက်ခြင်းခံရတဲ့ဖုကျင်းရှောင်းက အနုပညာလောကမှာပြစ်ချက်မရှိဆုံးသူပဲ။ သူနဲ့အလုပ်တွဲပြီးမလုပ်ချင်တဲ့သူ တစ်ယောက်မှမရှိဘူး။ ဒီအမျိုးသားက သူ့စိတ်ကိုအလုပ်ထဲမှာပဲ နှစ်မြှုပ်ထားတယ်။ ပြီတော့စီးပွားရေးလုပ်တာလည်း သေအောင်တော်သေးတယ်။ တကယ်ကိုစစ်မှန်တဲ့ဧကရာဇ်ပဲ။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now