Chapter - 39

15K 2.4K 216
                                    

Unicode

မင်းတို့ကိုနှုတ်ဆက်ပါတယ်
_________________________

Liveလွှင့်နေတဲ့ပွဲထဲမှာ ရှုပ်ထွေးနေတယ်လို့ပြောလို့ရလေတယ်။

တကယ်တော့အရင်တုန်းက boy groupတွေအများကြီး debutလုပ်ခဲ့ဖူးပေမဲ့ ဒီလိုမျိုးdebutညမှာတင် ရိုက်ကူးရေးအဖွဲ့ကို အဓိပ္ပာယ်မဲ့ပြီးရယ်စရာဖြစ်သွားစေတဲ့ ပြိုင်ပွဲဝင်တွေတော့ တစ်ခါမှမရှိဖူးဘူး။ centerကအဖွဲ့မဖွဲ့ချင်တဲ့အပြင် နောက်ထပ်ပြိုင်ပွဲဝင်တစ်ယောက်ကလည်း သူ့သရဖူလေးကိုကျန်ရှင်းဆွေ့ဆီပေးလိုက်သေးတယ်။ ဒါကရိုက်ကူးရေးအဖွဲ့ရဲ့မျက်နှာကို ဖြတ်ရိုက်လိုက်တာနဲ့ အတူတူပဲမဟုတ်ဘူးလား။

ဒီပြိုင်ပွဲရဲ့အဆင့်တွေထွက်လာတဲ့အချိန်မှာ ပွဲထဲကကျန်ရှင်းဆွေ့ရဲ့ဖန်တွေ တော်တော်များများက မယုံနိုင်ဘူးဖြစ်နေကြတယ်။ သူတို့ထဲကတစ်ချို့က လက်ထဲမှာပန်းလေးတွေကိုင်ပြီး လာကြတာရှိတယ်။ သူတို့အားကစားရုံမှာစပြီး လေ့ကျင့်နေကတည်းက ပြိုင်ပွဲဝင်တွေကိုတွေ့ဖို့အခွင့်အရေးမရှိခဲ့ဘူး။ မျက်နှာချင်းဆိုင်လည်းမတွေ့ခဲ့ရဘူး။ အဲ့တာကြောင့် စကားတော်တော်များများကို သူတို့မပြောခဲ့ရသေးဘူး။

သူတို့ပြောချင်တာက 'မင်းအရမ်းကြိုးစားနေခဲ့တာပါ မင်းဖန်တီးတဲ့သီချင်းတွေက အရမ်းနားထောင်လို့ကောင်းပါတယ်'

'မင်းကဖျော်ဖြေမှုကို အလေးနက်ထားပြီး မရေတွက်နိုင်တဲ့ညတွေမှာညဉ့်နက်ခဲ့တာကို အားလုံးလည်းတွေ့ခဲ့ရပါတယ်'

'မင်းကdebutလုပ်ဖို့ထိုက်တန်ပါတယ်'

'ဒါကငါတို့ပေးတဲ့ပန်းလေးတွေပါ။ ဂုဏ်ပြုပါတယ်နော်။ မင်းဒီနေ့debutလုပ်နိုင်ခဲ့ပြီ'

ပထမဖျော်ဖြေမှုမှာ သိမ်ငယ်နေပြီးသူ့အိမ်မက်နောက်ကို မလိုက်ရဲဘူးလို့ ပြောခဲ့တဲ့ကောင်လေးက နေထွက်ပြီးတဲ့နောက် အားကစားရုံကနေထွက်သွားမှာကို ကြည့်ချင်ခဲ့ကြတယ်။ လက်ခုပ်သံတွေနဲ့ ပန်းတွေကိုလက်ခံရင်း အနာဂတ်ကသူနဲ့သက်ဆိုင်လာမဲ့ တောက်ပတဲ့လမ်းပေါ်မှာ လျှောက်လှမ်းနေတာကို ကြည့်ချင်ခဲ့တာ။ ဒါပေမဲ့သူကdebutမလုပ်နိုင်ခဲ့ဘူး။ နောက်ပိုင်းသူလျှောက်ရမဲ့လမ်းက သူတို့ထပ်ပြီးမတွေ့နိုင်တော့မှာလည်း ဖြစ်သွားနိုင်တယ်။ အနားမှာဘယ်သူမှမရှိဘဲ အထီးကျန်နေတဲ့ကောင်လေးက နောက်ပိုင်းမှာလည်းအထီးကျန်မှုတွေထဲပဲ ပြန်ပြီးနစ်မြုပ်နေရတော့မယ်။ ရိုက်ကူးရေးအဖွဲ့က သူတို့ကိုပိတ်ရိုက်လိုက်သလိုပဲ။ ဘာစကားမှတောင် ပြောမထွက်လာနိုင်တော့ဘူး။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now