Chapter - 51

17.8K 2.5K 246
                                    

Unicode

Morning kissလေး
_______________

ရှန်ရှင်းဆွေ့ နားရွက်ကနေစပြီး တစ်ကိုယ်လုံးပူရှိန်းလာတာကိုပဲ ခံစားမိတော့တယ်။

ဒါတွေအားလုံးက ရုတ်တရက်ဖြစ်လွန်းနေခဲ့တယ်။ သူ့မှာဘာရောဂါကြီးကြီးမားမား ရှိနေတာလဲလို့စဥ်းစားခဲ့သေးတယ်။ ဒါပေမဲ့လုံးဝမထင်ထားမိတာက ဒီအကြောင်းပြချက်ဖြစ်နေလိမ့်မယ်လို့ပဲ! မျက်နှာက ပြုတ်ထားတဲ့ပုစွန်တစ်ကောင်လို နီရဲလာပြီး ဒီစကားကိုကြားလိုက်ချိန်မှာ ရှက်ရွံ့သွားရတယ်။ ပြီးတော့ နှလုံးခုန်ကဘာလို့မြန်နေရတာလဲ။ ဒါကြီးကရှက်စရာကောင်းလွန်းတယ် ဝူးဝူးဝူး!

ဖုကျင်းရှောင်း ကိုယ်ကိုပြန်မတ်လိုက်တယ်။

သို့ပေမဲ့ သူစကားမပြောရသေးခင်မှာပဲ သူ့အရှေ့မှာရပ်နေခဲ့တဲ့ ရှန်ရှင်းဆွေ့က ယုန်ထက်လျင်မြန်တဲ့အရှိန်နဲ့ ပြေးသွားတော့တယ်!

ဖုကျင်းရှောင်း မျက်ခုံးပင့်လိုက်မိတယ်။ နောက်ကနေ မကောင်းဆိုးဝါးလိုက်သလို တဒုန်းဒုန်းနဲ့ ပြေးဆင်းသွားတာကိုကြည့်ရင်း ခဏလောက်တိတ်ဆိတ်သွားပြီးမှ ရယ်သံတိုးတိုးလေး ထွက်လာတော့တယ်။

..........

ရှန်ရှင်းဆွေ့ အောက်ထပ်ပြေးဆင်းလာပြီးနောက် အောက်ထပ်ကလူတွေက သူ့ကိုသံသယဖြစ်စွာနဲ့ ကြည့်နေကြတယ်။

ရှန်ရှင်းချန် သိချင်စိတ်နဲ့ "ဘာဖြစ်လာတာလဲ"

ရှန်ရှင်းဆွေ့ အထိတ်တလန့်ဖြစ်သွားပြီး ဟောဟဲလိုက်ရင်း အလျင်အမြန်ခေါင်းခါပြလာတယ် "ဘာမှမဟုတ်ပါဘူး"

အောက်ထပ်မှာ ကင်မရာမန်းတွေလည်းရှိနေကြတယ်။ သူတို့စပ်စုပြီး အချင်းချင်းကြည့်လိုက်ကြတယ်။ နောင်တရစရာကောင်းစွာပဲ စောနကဘယ်သူမှ အပေါ်ထပ်မှာမနေခဲ့ကြတာကြောင့် ဘာဖြစ်ခဲ့တယ်ဆိုတာ ဘယ်သူမှမသိနိုင်တော့လေဘူး။

ရှန်ရှင်းချန်က သူ့တိတိလေးကို စနောက်ပြီးပြောလာတယ် "မင်းရဲ့ပုံစံက မသိရင် တစ်ယောက်ယောက်ဆီကနေ ကျီစားခံလာရသလိုပဲ"

ရှန်ရှင်းဆွေ့မျက်နှာက ပိုလို့တောင်နီရဲလာတော့တယ်။ နူးညံ့သိမ်မွေ့နေကာ ကြည့်ရတာ အမျိုးသမီးလေးတစ်ယောက် ဏှာဘူးတစ်ယောက်နဲ့ တွေ့လာတဲ့ပုံနဲ့ တူနေလှတယ်။ သူပြေးလာတာကြောင့် နှလုံးခုန်ကလည်း အရမ်းမြန်လို့နေတယ်။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီTahanan ng mga kuwento. Tumuklas ngayon