Chapter - 76.1

13.2K 2.1K 171
                                    

Unicode

ကျွန်တော့်မှာသဘောကျတဲ့သူရှိနေပြီထင်တယ်
_____________________________________________
ဒီနေ့ကရုပ်ရှင်ဧကရာဇ်ဖုအတွက်ပြောရရင် မေ့ရခက်တဲ့နေ့တစ်နေ့ ဖြစ်လာနိုင်လောက်တယ်။

ပထမဆုံးအကြိမ်ဖွင့်ပြောခံရတာမဟုတ်ပေမဲ့ ပထမဆုံးအကြိမ်ဒီလိုစိတ်လှုပ်ရှားပြီး နှလုံးခုန်တွေမြန်နေတာဖြစ်တယ်။ အဖွင့်ပြောခံရတာက ဘယ်လိုအရသာလဲဆိုတာ အသေးစိတ်မခံစားရသေးခင်မှာပဲ ဖွင့်ပြောတဲ့သူက'ဒါပေမဲ့'ဆိုပြီးပြောလာပြန်တယ်။ အပြောင်းအလဲမြန်ဆန်လွန်းပြီး သူတောင်မတုံ့ပြန်နိုင်လောက်ဘူးဖြစ်တယ်။

ဖုကျင်းရှောင်း ခေါင်းငုံ့ကာမေးလိုက်တယ် "ဒါပေမဲ့ ဘာဖြစ်လဲ?"

"ဒါပေမဲ့......" ရှန်ရှင်းဆွေ့ သူ့ကိုခေါင်းမော့ကြည့်လာတယ်။ ဒီတစ်ခေါက်ကတော့ စဥ်းစားပြီးသားဖြစ်နေတဲ့ပုံနဲ့ အေးအေးဆေးဆေးဖြစ်နေလေတယ် "သဘောကျခြင်းဆိုတာမှာ အချစ်တစ်ခုတည်းရှိတာမဟုတ်ဘူးဆိုတာ ဒီကိစ္စမှာကျွန်တော်နားလည်သွားခဲ့ရတယ်"

?

Question markတစ်ခု ဖုကျင်းရှောင်းခေါင်းပေါ်မှာ ပေါ်လာခဲ့တယ်။

ရှန်ရှင်းဆွေ့ ဝရံတာကိုမှီထားရင်း အသံတိုးနဲ့ဆက်ပြောလာတယ် "ဖုလောင်ရှီးက အမြဲတမ်းကျွန်တော့်ကို ဂရုစိုက်ပေး၊ သင်ပြပေးတော့ ကျွန်တော့်ရဲ့ဆရာလည်းဟုတ်သလို သူငယ်ချင်းလည်းဟုတ်တယ် အဲဒီတော့မှ ကျွန်တော်နားလည်သွားရတာက သဘောကျခြင်းဆိုတာက မဖြစ်မနေအတူတူရှိနေမှ ပျော်ရွှင်နိုင်မှာမဟုတ်ဘူးဆိုတာကိုပဲ လောင်ရှီးသင်ပြပေးခဲ့ဖူးတဲ့ ကျောင်းသားတစ်ယောက်ဖြစ်ရတာ၊ လောင်ရှီးနဲ့သိကျွမ်းရတာ၊ လောင်ရှီးရဲ့သင်ပြမှုတွေကို လက်ခံခဲ့ရတာတွေကလည်း ကျွန်တော့်ကိုတူညီစွာ ပျော်ရွှင်စေခဲ့တယ်"

......

ဖုကျင်းရှောင်းသိပ်ပြီးနားမလည်ပေမဲ့ အလွန်တော့အံ့အားသင့်သွားရတယ်။

"အဲ့တာကြောင့်......" ရှန်ရှင်းဆွေ့ ကောင်းကင်ပေါ်ကို တက်လာတဲ့မီးရှူးမီးပန်းလေးကိုကြည့်နေရင်း အပြုံးလေးနဲ့လှည့်ကြည့်လာခဲ့တယ်။ မီးရှူးမီးပန်းပေါက်သွားတဲ့ အလင်းရောက်အောက်မှာ အပြုံးလေးကလည်း တောက်ပနေခဲ့တယ်။ ကြည်လင်တဲ့မျက်ဝန်းတွေထဲမှာ ဖုကျင်းရှောင်းရဲ့အရိပ်လေး ပေါ်နေခဲ့တယ်။ သူကအသံတိုးတိုးနဲ့ "အရင်က ရှိသင့်တဲ့အတွေးတွေကိုရော မရှိသင့်တဲ့အတွေးတွေကိုရော စွန့်လွှတ်လိုက်ပြီ နှစ်သစ်တစ်နှစ်မှာ ဘဝအသစ်ကိုကြိုဆိုဖို့ ကျွန်တော်အသင့်ဖြစ်နေပြီ"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now