Chapter - 91

11.6K 1.7K 123
                                    

Unicode

သူဌေးအားဦးထုပ်စိမ်းဆောင်းပေးခြင်း
_____________________________________

ရှန်ရှင်းဆွေ့ လန့်သွားရတယ်။ သူအနည်းငယ်အံ့အားသင့်စွာနဲ့ ဖုကျင်းရှောင်းကိုကြည့်လိုက်ကာ မျက်နှာလေးနီရဲလျက်ရှိလေတယ်။

ဖုကျင်းရှောင်းရဲ့လက်တွေက သူ့ခါးကိုပွေ့ဖက်ထားကာ ခပ်နွေးနွေးအပူချိန်နဲ့ဖြစ်လေတယ်။ နှာခေါင်းကနေ ရင်းနှီးတဲ့အငွေ့အသက်လေးကို ရှူရှိုက်မိလိုက်ပြီး အလွန်စိတ်လှုပ်ရှားမိတယ်။ သူတို့ပွေ့ဖက်ထားတာက အလွန်နီးကပ်လှတယ်။

ဖုကျင်းရှောင်းရဲ့ စကားဆုံးသွားတဲ့အချိန် ရှန်ရှင်းဆွေ့ နားတွေနီရဲလာရတယ်။ သူတီးတိုးညည်းညူလိုက်ပြီး ပြောလိုက်တယ် "အရမ်း...အရမ်းများ မြန်လွန်းနေမလားလို့?"

ဖုကျင်းရှောင်း သူ့ရဲ့ဖြူဖွေးတဲ့မျက်နှာပေါ်ကို အနမ်းခြွေလိုက်ကာ ပြောလိုက်တယ် "အဲ့တာဆို မင်းအထင် ဘယ်အချိန်ကျမှ သင့်လျော်တော့မှာလဲ"

ရှန်ရှင်းဆွေ့ အလွန်ရှက်ရွံ့နေပြီး အသံတိုးနဲ့ပြန်ဖြေလိုက်တယ် "အနည်းဆုံးတော့ လက်ထပ်ပြီးတဲ့အချိန်ကျမှ..."

"အင်း" ဖုကျင်းရှောင်းရဲ့အသံက ခပ်နိမ့်နိမ့်နဲ့ ဆွဲဆောင်မှုရှိလှတယ်။ စနောက်မှုအနည်းငယ်နဲ့ ဖြည်းဖြည်းပြောလိုက်တယ် "ကိုယ်သိပြီ အခုရှန်လောင်ရှီးက မကျေနပ်ကြောင်း ပြောချင်နေတာပဲ လက်ထပ်မဲ့ရက်ကို စောစောလုပ်ချင်တာ မဟုတ်လား"

ရှန်ရှင်းဆွေ့ ကြောင်သွားပြီး အသံတိုးနဲ့ပြောလိုက်တယ် "ကျွန်တော်အဲဒီသဘောမဟုတ်ဘူး"

ဖုကျင်းရှောင်း သူ့ကိုဖက်ထားလေတယ်။ လူနှစ်ယောက်ရဲ့ လက်ချောင်းတွေက အချင်းချင်း ယှက်နေကြပြီး အသက်ရှူသံတွေက တသိမ့်သိမ့်တုန်ခါလျက်ရှိတယ်။ အမျိုးသားက ပြုံးလိုက်ပြီး စကားပြောမလို့ ပြင်ချိန်မှာပဲ စားပွဲပေါ်ကဖုန်းက တုန်ခါလာကာ လေထုကိုဖျက်းဆီးလိုက်လေတယ်။

"ကျစ်......"

ဖုကျင်းရှောင်း မပျော်မရွှင်နဲ့ ထလိုက်တယ်။ သူ့ရဲ့အင်္ကျီကြယ်သီးတွေက ပွင့်ဟနေပြီး ထိုင်လိုက်ချိန်မှာ သွယ်လျတဲ့ခါးက ပေါက်ကွဲနိုင်မှုအပြည့်နဲ့ဖြစ်တယ်။ ရှည်လျားတဲ့လက်မောင်းတွေနဲ့ ဖုန်းကိုလှမ်းယူလိုက်ကာ မဖော်ရွေစွာပဲ ပြောလိုက်တယ် "ဟယ်လို"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now