Chapter - 88

12.3K 1.6K 118
                                    

Unicode

လက်ထက်ဖို့ စိတ်ကူးရှိတယ်
___________________________

ရှန်ရှင်းဆွေ့ သီချင်းထုတ်လုပ်ဖို့မသွားခင်အထိ ပျော်ရွှင်နေခဲ့တယ်။

ဝမ်မိန်စန့်က တကယ်ကို စိတ်လှုပ်ရှားအောင်လုပ်နိုင်တဲ့ အေးဂျင့်တစ်ယောက်ဖြစ်တယ်။ သူနဲ့ဖုကျင်းရှောင်းနဲ့ အလှမ်းဝေးနေတာကို သိတာကြောင့် ပရဟိတညစာစားပွဲတစ်ခုမှာ သူတို့နှစ်ယောက်တွေ့နိုင်အောင် စီစဥ်ပေးထားလေတယ်။

ညစာစားပွဲမှာ လူတွေအများကြီးရှိနေပြီး သွားလိုက်လာလိုက်နဲ့ အဆက်မပြတ်ရှိနေလေတယ်။

ရှန်ရှင်းဆွေ့ မသွားခင်အချိန်မှာ brandတွေက ယာယီပေးထားတဲ့ အနောက်တိုင်းဝတ်စုံတွေကို ရွေးနေခဲ့တယ်။ နောက်ပြီး လက်ထောက်လေးရဲ့ အမြင်ကိုလည်း မေးလိုက်သေးတယ် "ကျွန်တော်ဘယ်ဟာဝတ်ရင်ကောင်းမယ်ထင်လဲ?"

သူ့လက်ထောက်က ကုဖန့်ဖန့်လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်ဖြစ်တယ်။

ကုဖန့်ဖန့်ကလည်း အလုပ်အကိုင်အတွေ့အကြုံရှိတဲ့ လက်ထောက်လေးဖြစ်တယ်။ ဒါပေမဲ့ သူ့မှာလည်း သူ့ရဲ့လျှို့ဝှက်ချက် အသေးစားလေး ရှိလေတယ်။ သူက ရှန်ရှင်းဆွေ့နဲ့ ဖုကျင်းရှောင်းတို့ကို shipတဲ့သူဖြစ်တယ်။ ဒါပေမဲ့လည်း ဝန်ထမ်းဖြစ်နေတာကြောင့် ပေါ်ပေါ်ထင်ထင်မလုပ်ရဲဘူး။ အဲ့တာကြောင့် အမြဲတမ်း လေးလေးနက်နက်ပုံစံ ဟန်ဆောင်နေရကာ သူ့ကိုပင်ပန်းစေလေတယ်။

"အင်း...... ညီမအထင်တော့လေ" ကုဖန့်ဖန့်က ဆိုဖာပေါ်မှာ ထိုင်နေရင်း ပြောလာတယ် "အဖြူရောင်လေးက ကြည့်လို့ကောင်းတယ်"

ရှန်ရှင်းဆွေ့က အဖြူရောင်အထည်ကို ယူလိုက်ပြီး ကိုယ်နဲ့ကပ်ကြည့်လိုက်တယ် "ဟုတ်လား အရမ်းရိုးရှင်းနေသလားလို့"

ကုဖန့်ဖန့်က အတွေးထက် ပါးစပ်ကပိုမြန်လေတယ် "ဒါပေမဲ့ ဖုလောင်ရှီး အနောက်တိုင်းဝတ်စုံဝတ်ရင် သာမန်အားဖြင့်က အနက်ရောင်တွေချည်းပဲလေ အဖြူရောင်က သူနဲ့မလိုက်ဖက်ဘူးလား ပြီးတော့ ဆွေ့ဆွေ့ ရှင့်ရဲ့အငွေ့အသက်ကိုက အရမ်းသန့်ရှင်းတာလေ အဖြူရောင်အနောက်တိုင်းဝတ်စုံက ရှင့်ကိုပိုငယ်ရွယ်စေပြီး ပိုနူးညံ့စေတယ် တကယ်လိုက်တာပါဆို!"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now