Extra - 4

6.9K 895 37
                                    

Unicode

ကလေးဘဝသို့တစ်ဖန်
_____________________

လက်ထပ်ပြီးနောက် အနှစ်၂၀မြောက်နှစ်။ ရှန်ရှင်းဆွေ့က နာမည်ကြီး အနုပညာရှင် တစ်ယောက်လို့တော့ ပြောလို့မရပေမဲ့ ပထမတန်းအနုပညာရှင် ဖြစ်နေဆဲပဲ။ လူတိုင်းသိတဲ့ ဇာတ်ကားမျိုး သရုပ်ဆောင်ဖူးသလို၊ လူတိုင်းတစ်ကြောင်းနှစ်ကြောင်း လိုက်ဆိုနိုင်လောက်တဲ့ သီချင်းမျိုးလည်း ဆိုခဲ့ဖူးတယ်။ အရင်က နာမည်မရှိသေးတဲ့ အနုပညာရှင်လေးအဆင့်ကနေ တဖြည်းဖြည်း လျှောက်လှမ်းရင်းနဲ့ မြင်လိုက်တာနဲ့ ချက်ချင်းမှတ်မိနိုင်တဲ့အဆင့်ထိရောက်လာဖို့ သူ နှစ်ဆယ့်နှစ်နှစ်အသုံးပြုခဲ့ရတယ်။

ရှန်ရှင်းဆွေ့မှာ အခုဆိုရင် ကိုယ်ပိုင်စတူဒီယိုရှိလာခဲ့ပြီ။ အလုပ်တွေလည်း အဲ့လောက်ပင်ပင်ပန်းပန်း ကြိုးစားမလုပ်တော့ဘူး။ အားလပ်ချိန်တွေမှာ သူ့ခင်ပွန်းနဲ့အတူ ခရီးလေးထွက်၊ မုန့်လေးစားနဲ့ နှစ်ယောက်ကမ္ဘာကို ဖန်တီးဖို့ ပိုပြီးဆန္ဒရှိလာခဲ့တယ်။

ဒီနှစ်မှာ ရှန်ရှင်းဆွေ့ အသက်၄၅နှစ်ရှိပြီဖြစ်တယ်။ ဇာတ်ကားစွဲလမ်းသူတွေအပါအဝင် ဖန်တွေအားလုံးက သူ့အတွက် မွေးနေ့ဆုတောင်းပေးနေကြတယ်။

ဖုကျင်းရှောင်း သူ့ကိုပြန်လာကြိုချိန်မှာ သူမူးနေပြီဖြစ်တယ်။ အရက်မထိတာ အချိန်တစ်ခုလောက် ရှိပြီဖြစ်ပေမဲ့ ဒီနေ့တော့ အရမ်းပျော်လွန်းတာကြောင့် တစ်ခဏအတွင်း မထိန်းချုပ်နိုင် ဖြစ်သွားခဲ့လေတယ်။

ဖုကျင်းရှောင်း သက်ပြင်းချကာ ပြောလိုက်တယ် "မသောက်နိုင်တာတောင်မှ ဒီလောက်အများကြီးသောက်ထားသေးတယ်၊ ကိုယ့်ကိုယ်ကို ငယ်ငယ်ရွယ်ရွယ်လေးလို့ မှတ်နေသေးတာလား၊ မနက်ဖြန်မနက်နိုးလာလို့ ခေါင်းကိုက်ရင် မင်းပဲခံစားရမှာလေ"

ရှန်ရှင်းဆွေ့ သူ့ပခုံးမှာမှီရင်း ရယ်ကာပြောလိုက်တယ် "ဒီနေ့ပျော်လွန်းသွားလို့ပါ"

ဖုကျင်းရှောင်း အသံတစ်ချက်ပြုပြီး သူ့ကိုမေးလိုက်တယ် "မွေးနေ့ဖြတ်သန်းရတာ ဒီလောက်တောင် ပျော်နေတယ်ပေါ့?"

"မဟုတ်ဘူး" ရှန်ရှင်းဆွေ့ အသံတိုးနဲ့ပြောလိုက်တယ် "ကောနဲ့အတူ အေးအေးချမ်းချမ်း၊ ချောချောမွေ့မွေ့နဲ့ နောက်တစ်နှစ် ဖြတ်သန်းနိုင်ခဲ့တာကြောင့်ပါ"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now