Chapter - 49.1

17.7K 2.6K 120
                                    

Unicode

ဘယ်သူကဖုကျင်းရှောင်းကို ငြင်းဆန်မှာတဲ့လဲ
__________________________________________

ဖုကျင်းရှောင်း ရှန်မင်လောင်ရဲ့သတိကြီးတဲ့အကြည့်တွေနဲ့ တွေ့ဆုံလိုက်ရချိန် အပြုံးကပိုလို့နက်ရှိုင်းသွားတော့တယ် "အေးဆေးပေါ့ မင်းနဲ့ငါသိလာတာဒီလောက်ကြာပြီ အကူညီလေးတစ်ခုလောက်ပေးရတာ ဘာပေးစရာလိုလို့လဲ?"

သူဒီလိုပြောလေ ရှန်မင်လောင်ပိုပြီး စိတ်မချရလေပဲ။

ဖုကျင်းရှောင်းဆိုတဲ့သူက မင်းနဲ့ပွင့်ပွင့်လင်းလင်းသာပြောနေမယ်ဆိုရင် ဒါကသေချာပေါက်ကိစ္စသေးသေးလေးပဲ။ ဒီလိုအန္တရာယ်ရှိတဲ့အပြုံးမျိုးနဲ့ လေသံတိုးလေးနဲ့ပြောလာလေလေ စာလုံးအကြီးကြီးနဲ့ရေးထားတဲ့ 'အန္တရာယ်'ဖြစ်လေလေပဲ။

ရှန်မင်လောင် သူ့ကိုအခွင့်ရေးယူလို့မရဘူးဆိုတာသိတယ်။ မဟုတ်ရင် ပိုကြီးမားတဲ့ကံဆိုးမှုနဲ့ပဲ ကြုံတွေ့ရလိမ့်မယ် "မင်းနဲ့ငါရဲ့ဆက်ဆံရေးကဘာမလို့လဲ ငါ့ကိုအားနာမနေနဲ့"

ဖုကျင်းရှောင်းထိုင်ခုံပေါ်မှာမှီနေတယ် လက်တစ်ဖက်က ထိုင်ခုံကိုထောက်ထားတယ်။ ပျင်းရိနေပုံပေါက်ကာ ချောမောတဲ့မျက်နှာက သာမာန်လူတွေနဲ့မတူဘူး။ ပေါ့ပါးတယ်ထင်ရတဲ့လေသံထဲမှာ တည်ကြည်မှုတွေကိုနှစ်မြှုပ်ထားတယ် "ဒါကမင်းပြောခဲ့တာနော် ငါလိုချင်တဲ့စုဆောင်းမှုတိုင်းကို ပေးမယ်လို့လေ"

ရှန်မင်လောင် ဂရုတစိုက်နဲ့မျက်မှန်ကိုပင့်တင်လိုက်တယ်။ ပထမဆုံးအကြိမ်ရှန်လုပ်ငန်းစုကို လက်လွှဲယူလိုက်တုန်းကတောင် ဒီလောက်စိတ်မလှုပ်ရှားခဲ့ဖူးဘူး။ ပြီးတော့အဲ့နှစ်က ဒါရိုက်တာဘုတ်အဖွဲ့ကို ပထမဆုံးအကြိမ်ဝင်ပြီး မြေခွေးအိုကြီးတွေနဲ့ တိုက်ခိုက်ခဲ့ရတဲ့အချိန်တုန်းကလည်း ဒီလောက်ဂရုတစိုက်မနေခဲ့ရဖူးဘူး။ အားလုံးကိုရင်ဆိုင်ရချိန်မှာ အေးဆေးတည်ငြိမ်နေနိုင်ပေမဲ့ ဒီမြေခွေးအိုကြီးကိုရင်ဆိုင်ရချိန်မှာတော့ ခြေလှမ်းတိုင်းသတိထားနေမိတယ်။

"မင်းတို့ဖုအိမ်ကစုဆောင်းထားတာတွေနဲ့ယှဥ်ရင် ငါစုဆောင်းထားတာတွေက ယှဥ်လို့မရနိုင်ဘူး ဘာမှပြစရာမရှိဘူးဆိုပေမဲ့" ရှန်မင်လောင်က သူတန်ဖိုးကြီးပစ္စည်းလိုချင်တာလို့ အထင်ရှိတာကြောင့် "ငါ့မှာရှိတဲ့ဟာသာဆိုရင် ငါလုပ်နိုင်တဲ့နယ်ပယ်အတွင်းမှာသာဆိုရင် အဆင်ပြေပါတယ်"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now