Chapter - 68.1

14.8K 2.2K 139
                                    

Unicode

နှုတ်ဆက်ပါတယ် ရုပ်ရှင်ဧကရာဇ်ဖု
_________________________________

အစမ်းဝတ်ဆင်ကြည့်ပြီးသွားတဲ့နောက် မလှမ်းမကမ်းက ဝူမားကအနားလာကာ ပြောလာခဲ့တယ် "သခင်လေး သခင်မကြီး ထမင်းစားလို့ရပါပြီ"

ရှန်ရှင်းချန် ထမင်းစားဖို့အမြန်သွားတော့တယ်။ ရှန်ရှင်းဆွေ့ကတော့ လက်အိတ်တို့ဘာတို့အကုန်လုံး ချွတ်လိုက်တာကြောင့် ဘေးနားကရွှီအန်းကျန်းက တွေဝေစွာမေးလာခဲ့တယ် "သက်တောင့်သက်သာမရှိဘူးလား?"

"မဟုတ်ပါဘူး" ရှန်ရှင်းဆွေ့ ခေါင်းခါပြလိုက်တယ် "ထမင်းစားနေရင်း မတော်တဆပေသွားမှာစိုးလို့ပါ"

ရွှီအန်းကျန်း ဒီစကားကိုကြားတော့ စိတ်ထဲမှာလှုပ်ခါသွားရတယ်။

ရှန်ရှင်းဆွေ့ကိုကြည့်နေတဲ့မျက်ဝန်းတွေကလည်း ပိုပိုနူးညံ့လာရတယ်။ တစ်ချို့လူတွေနဲ့ တစ်ချို့စကားတွေက သူတို့ပါးစပ်ထဲမှာ ဘယ်တုန်းကမှတန်ဖိုးမထားကြဘူး။ ဒါပေမဲ့သူကတော့ ဘယ်အချိန် ဘယ်နေရာမှာပဲဖြစ်ဖြစ် သတိတကြီးနဲ့တန်ဖိုးထားနေခဲ့တယ်။

"ကိစ္စမရှိပါဘူး ဆွေ့ဆွေ့" ရွှီအန်းကျန်းအနားတိုးကပ်သွားလိုက်ပြီး လူငယ်လေးရဲ့အေးခဲနေတဲ့လက်ကို ဆွဲကိုင်လိုက်တယ်။ သူ့ကိုထမင်းစားစားပွဲဆီခေါ်သွားရင်း ပြောလာခဲ့တယ် "ညစ်ပတ်သွားတယ်ဆိုရင်တောင် ဒါမှမဟုတ်ပျောက်သွားတယ်ဆိုရင်တောင် ကိစ္စမရှိပါဘူး မား သားအတွက်နောက်တစ်ခါထပ်ထိုးပေးလို့ရတယ် သားဒါတွေကိုစိတ်ပူဖို့မလိုပါဘူးး ဒါကနောက်ဆုံးအကြိမ်လည်းမဟုတ်ပါဘူး နောက်ကျရင်အများကြီးရှိလာဦးမှာ မား အာမခံတယ်"

ရှန်ရှင်းဆွေ့ရဲ့လက်တွေက မသိလိုက်ပါသာနဲ့ တင်းကျပ်သွားရတယ်။ နှုတ်ခမ်းလေးတွန့်ကွေးသွားရပြီး မျက်လုံးအောက်မှာအပြုံးလေး ပေါ်ထွက်လာရတယ်။ စိတ်ကလည်း အတော်လေး သက်တောင့်သက်သာ ဖြစ်သွားရတယ်။

ရှန်မိသားစုဆီလာနိုင်တာ တကယ်ကောင်းတာပဲ။ သူတို့ကတကယ် နွေးထွေးကြတယ်။

မလှမ်းမကမ်းက ရှန်ရှင်းချန်က ပြောလာတယ် "ကျွန်တော့်အဝတ်ဗီရိုထဲမှာဆို အများကြီးပဲ မား မနှစ်က အများကြီးထိုးပေးမိသွားတာလေ"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီحيث تعيش القصص. اكتشف الآن