Chapter - 36

14.9K 2.2K 108
                                    

Unicode

ကျန်းလင်မယားရဲ့ထိတ်လန့်မှု
____________________________

အပြင်ဘက်ကမိုးသံက ကျယ်လောင်လွန်းလှတယ်။ မဝေးလှတဲ့ဟောထဲက အန်းရန်ရဲ့မွေးနေ့အတွက် ဆုတောင်းပေးနေကြတဲ့အသံတွေကလည်း သိသာစွာကျယ်လောင်နေလှတယ်။ ဒါပေမဲ့ဒီလိုမျိုး ဆူညံရှုပ်ထွေးနေတဲ့ပတ်ဝန်းကျင်မှာ ရွှီအန်းကျန်းကတိုးလျတဲ့အသံလေးကို ကြားလိုက်တုန်းပဲ။

သူမခန္ဓာကိုယ်က တောင့်တင်းသွားရတော့တယ်။ သူမကမျက်လုံးတွေကိုတောင် မယုံကြည်နိုင်တော့ဘူး။ မျက်ရည်တွေစီးကျလာကာ ကျန်ရှင်းဆွေ့ပုခုံးပေါ်ကျကုန်တော့တယ်။ သူမခံစားချက်တွေကို ဘယ်လိုမှထိန်းချုပ်မထားနိုင်တော့ဘူး။ သူကနောက်ကိုခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး ကျန်ရှင်းဆွေ့ကိုကြည့်လိုက်မိတယ်။ ပြီးတော့ "ဘာပြောလိုက်တာ?"

ကျန်ရှင်းဆွေ့ပြောပြီးသွားတော့မှ ထိတ်လန့်သွားမိတော့တယ်။

သူထိတ်လန့်အသွားရဆုံးကတော့ သူဘယ်လိုလုပ်ပြီး ဒီလိုစကားမျိုးပြောထွက်လာရတာလဲ?

သူမိသားစုတွေကို တောင့်တနေမိပြီးတော့ အရမ်းမျှော်လင့်နေမိတာကြောင့် မထိန်းနိုင်တော့တာများလား....

သူ့စိတ်ထဲမှာရှက်သွားရတယ်။ ကျန်ရှင်းဆွေ့စိတ်မကောင်းစွာပဲ ခေါင်းငုံ့ကာ "ကျွန်တော်ဘာမှမပြောပါဘူး အန်တီနားကြားလွဲတာလား?"

နားကြားလွဲတာ။

သူမပဲနားကြားလွဲတာလား အငယ်ဆုံးလေးကိုအရမ်းလွမ်းနေမိတာကြောင့် အထင်မှားသွားတာပဲလား။

ရွှီအန်းကျန်းသက်ပြင်းချလိုက်မိပြန်တယ်။ စိတ်ပျက်သွားမှုနဲ့ အနည်းငယ်ဝမ်းနည်းသလိုခံစားလိုက်ရတယ်။ ပြီးတော့ကျန်ရှင်းဆွေ့ထပ်ပြောတာကို ကြားလိုက်ရတယ် "ဒါပေမဲ့ အန်တီဒီနေ့လာပြီး ကျွန်တော့မွေးနေ့ကို အတူတူဖြတ်သန်းပေးတာ တကယ်ပဲကျေးဇူးတင်ပါတယ်"

ကျန်ရှင်းဆွေ့ရဲ့အသံက အနည်းငယ်မှုန်မှိုင်းပြီး အက်ကွဲနေကာ ပြောရင်းနဲ့ပဲ ရင်ထဲနာကျင်လာရတယ် "ကျွန်တော်...ကျွန်တော်အရမ်းပျော်ပါတယ်"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now