Chapter - 38.2

14.9K 2.4K 236
                                    

Unicode

Debutနေရာ ထွက်ပေါ်လာခြင်း
____________________________

ပွဲထဲမှာလက်ခုပ်သံတွေနဲ့ ဆူညံသွားတော့တယ်။ သူတို့စင်ပေါ်တက်လာတဲ့အချိန် အောက်ကနေ အော်ပြီးအားပေးနေကြတဲ့သူတွေ အများကြီးရှိတယ် :

"ရှန်းချန်! ရှင်းချန်မင်းကအတောက်ပဆုံးပဲ!"

"ဆွေ့ဆွေ့ကျားရို! ကျားရို!"

"ဆွေ့ဆွေ့ကြိုစားထား!!"

သူတို့ဒီမှာရပ်လိုက်တဲ့အချိန် စင်အောက်ကနေပရိသတ်တွေအများကြီးက လက်ထဲမှာမီးတန်းလေးတွေ ကိုင်ထားကြပြီး သူ့တို့နာမည်ကိုအော်နေကြတယ်။ တခြားဘာစကားမှ မလိုတော့ဘဲ သူတို့အားလုံးကိုပေးနေတဲ့ အကြီးဆုံးအားပေးနေမှုကြီးပဲ။ ကျန်ရှင်းဆွေ့ဒါတွေအားလုံးကို လိုက်ကြည့်နေပြီး စိတ်ထဲမှာမှတ်သားထားတယ်။ သူဒီတစ်ခဏကို ကောင်းကောင်းမှတ်ထားလိုက်တယ်။ သူနောက်ဆုံးပိုင်ဆိုင်နိုင်မဲ့ ဒီလိုမျိုးတောက်ပတဲ့ပွဲကြီးကို မှတ်သားထားလိုက်တယ်။

အသင်းသားတွေကို ကိုယ့်နေရာမှာကိုရပ်နေကြပြီး သီချင်းကလည်း တဖြည်းဖြည်းထွက်ပေါ်လာလေပြီ။

ဒုတိယပြိုင်ပွဲပြီးနောက် ကျန်ရှင်းဆွေ့ရဲ့သီချင်း ဖန်တီးနိုင်စွမ်းကို အသိမှတ်ပြုခံခဲ့ရတယ်။ ဒီသီချင်းကိုသူ့အကြံပေးမှုနဲ့ ရွေးချယ်လိုက်တာဖြစ်တယ်။ အလင်းရောင်က မှိန်မှိန်လေးဖြစ်သွားပြီးနောက် အဓိကနေရာမှာရပ်နေတဲ့ လူငယ်လေးကမိုက်ခ်ကိုင်ကာ သူ့ရဲ့နက်ရှိုင်းတဲ့အသံက ရှင်းလင်းစွာထွက်ပေါ်လာတယ် "အစီစဥ်ပြီးဆုံးသွားတာနဲ့ အသံတွေတိုးလျသွားပြီ ငါကဖန်သားပြင်တစ်ခုလိုပဲ ကိုယ့်ကိုယ်ကိုပြန်ကြည့်နေမိတယ်"

စင်ပေါ်ကလူငယ်လေးတွေရဲ့ လှုပ်ရှားမှုက သိမ်မွေ့နေပြီး ဖြစ်ကတက်ဆန်းနိုင်နေတာမျိုးမဟုတ်ဘူး။

နင်ဇယ်ရှေ့တစ်လှမ်းလှမ်းလိုက်ပြီး ကျန်ရှင်းဆွေ့နေရာကိုယူလိုက်တယ်။ ပြီးတော့အသံနိမ့်နဲ့ဆက်ဆိုတယ် "ငါနားလည်ပါတယ် မင်းမကျေနပ်တာတွေ ရှိနေသေးတယ်ဆိုတာ အပြစ်ရှိစိတ်တွေဝှက်ထားပြီး တိမ်ထူတဲ့ရာသီဥတုကိုစဥ်စားနေမိတယ်"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now