Chapter - 30.2

15.6K 2.3K 278
                                    

Unicode

ကျန်ရှင်းဆွေ့ကိုဂုဏ်ပြုပါတယ်
_____________________________

အန်းရန်အခေါ်ခံလိုက်ရတော့ သက်ပြင်းတစ်ချက်ရှိုက်ကာ ရှေ့တက်လာတယ်။ သူ့စာအိတ်ကိုဖွင့်လိုက်တဲ့အချိန်မှာ ပြုံးနေပေမဲ့ ရေးထားတဲ့စာကိုမြင်တဲ့အချိန်မှာတော့ အပြုံးကအနည်းငယ်မှေးမှိန်သွားရတယ်။ ပြိုင်ပွဲဝင်တော်တော်များများက ဘာကြောင့်လဲဆိုတာတော့မသိလေဘူး။ အန်းရန်ကကျယ်ကျယ်ဖတ်ပြလိုက်တယ် "အန်းရန် သင့်ကိုဂုဏ်ပြုပါတယ် ဒီတစ်ခေါက်မှာ မင်းကအဆင့်၄ဆိုတဲ့ အဆင့်ကောင်းတစ်ခုကို ရရှိခဲ့ပါတယ် ဒုတိယပြိုင်ပွဲကို ဝင်ရောက်ဖို့ အောင်မြင်ပါတယ်"

အဆင့်၄!

အန်းရန်တင်မဟုတ်ဘဲ ပြိုင်ပွဲဝင်တွေအားလုံး ကြောင်အသွားရတယ်။ ရိုက်ကူးရေးစတင်ကတည်းက အန်းရန်ရဲ့ကျော်ကြားမှုကို အားလုံးသိကြတယ်။ အဲ့တာကို ဘယ်လိုလုပ်ပြီးအဆင့်၄ရနိုင်မှာလဲ။ အဲ့တာဆို အဆင့်၃ကရောဘယ်သူဖြစ်မှာလဲ?

ဖုကျင်းရှောင်းကတော့ မအံ့သြတဲ့ပုံမှာ ကျန်ရှင်းဆွေ့ကို ကြည့်ကာပြောလာတယ် "ကျန်ရှင်းဆွေ့ မင်းအလှည့်ရောက်ပြီ"

အခေါ်ခံလိုက်ရတဲ့ကျန်ရှင်းဆွေ့က အဲ့မှာရပ်နေတယ်။ လက်ထဲကစာအိတ်ကလည်း ချွေးစေးတွေနဲ့စိုရွဲနေသလိုပဲ။ သူဒီကိုစရောက်စတုန်းက ယွမ်နှစ်သောင်းယူမယ်ဆိုတဲ့ စိတ်နဲ့ပဲလာခဲ့တာ။ ဒါပေမဲ့အားလုံးနဲ့အတူလေ့ကျင့်ပြီး အရမ်းကောင်းတဲ့အခန်းဖော်တွေနဲ့ အရမ်းကောင်းတဲ့နည်းပြတွေနဲ့ တွေ့ဆုံခဲ့ရတယ်။ အားလုံးကလောဘကြီးကြတာပဲ။ ဘယ်သူမှခြွင်းချက်မရှိဘူး။ အနည်းငယ်ရပြီးနောက်မှာ သဘာဝကျစွာပဲ နောက်အထပ်အများကြီးထပ်လိုချင်လာကြတာလေ။

ကျန်ရှင်းဆွေ့ခေါင်းငုံ့လိုက်ပြီး စာအိတ်ကိုစတင်ဖွင့်တော့တယ်။ သူခေါင်းငုံ့ပြီး ရေးထားတဲ့စာကိုကြည့်လိုက်တဲ့အချိန်မှာ စာအိတ်ကိုင်ထားတဲ့လက်က တုန်ယင်နေတော့တယ်။ နောက်ဆုံး ကတုံးပေါက်လေးက တဖြည်းဖြည်းနဲ့ မျက်လုံးတွေတောင်နီရဲလာခဲ့တယ်။ မျက်ရည်အချို့လည်း စီးကျနေပြီး စက္ကူပေါ်ကို တစ်ဆင့်စီးသွားကြတယ်။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now