EP1(U&Z)

5K 222 0
                                    

.ရှလျန် မျက်လုံးတွေဖွင့်လိုက်တဲ့အခါ,
ရှမိသားစုရဲ့အိမ်ဟောင်း ရဲ့ အိပ်ခန်းထဲမှာ
ရှိနေတာကို သူတွေ့လိုက်ရတယ်။တံခါးက
တင်းကြပ်စွာပင်ပိတ်ထားပြီးအခန်းထဲရှိ
မျက်နှာကျက် တံခါးတွေလည်းပိတ်ထား
လျက်ရှိနေတယ်။

မှိန်ဖျော့ဖျော့အလင်းရောင်ကသူ့ခုတင်ရဲ့
အလယ်ခြမ်းအထိလွှမ်းခြုံနေလျက်
စုတ်ပြဲနေတဲ့အဝတ်တွေကကြမ်းပြင်
တစ်ခုလုံးပြန့်ကျဲနေတာကိုသူတွေ့လိုက်
ရတယ်။

အရပ်ရှည်ရှည် လူတစ်ယောက်ကသူ့ခုတင်ရှေ့တွင်ဒူးထောက််နေတာကိုလည်းသူတွေ့နေရတယ်၊ထိုသူရဲ့ မျက်နှာကိုရှလျန် အသေအချာ မမြင်ရပေမယ့် အရမ်းရင်းနှီးနေတဲ့ ခံစားချက်ကိုရှလျန်ခံစားမိနေတယ်။

သူက ခေါင်းလေးမော့ပြီး ထိုသူကို တစ်ခုခု ပြောဖို့ လုပ်လိုက်ပေမယ့် ရုတ်တရက်
သူ့ရှေ့မှမြင်ကွင်းကမီးတောက် တစ်ခုအလားသူ့ကို ဝါးမျိုလိုက်သလို ခံစားလိုက်ပြီး သူတို့ အကုန်လုံး အမှောင်ထုကြီး တစ်ခုထဲသို့ ချက်ခြင်းပင် သက်ရောက်သွားခဲ့တယ်။

နားယဥ်နေပြီဖြစ်တဲ့ဖုန်းမြည်သံက သူ့နားထဲသို့ ဝင်ရောက်လာတယ်၊ရှလျန်ကုန်းရုန်းကာ
ထလိုက်ပြီး သူ့ ခန္ဓာကိုယ်က လေးလံ မှုနဲ့အတူ ပျော့ခွေလျက်ရှိနေတယ်။

ဖုန်းမြည်သံက ဆက်တိုက်ကိုထွက်ပေါ်နေတယ်။

ဆိုဖာပေါ်တွင်ရှိနေသည့်ဖုန်းကို မတွေ့မီသူက အသံလာရာဆီသို့ လိုက်ကြည့်နေမိတယ်။
ထို ဖုန်းသံက သူ့အတွက် အချက်ပေးသံတစ်ခုဖြစ်ပြီး အချိန်က နေ့လည် တစ်နာရီခွဲရှိပြီ
ဆိုတာကိုပါ ပြနေတယ်။

ရုတ်တရက် ပုံမှန်အတိုင်း ရုံးတွင် တရေး
တမောအိပ်ပျော်နေခဲ့ပြီးခုလို ပြန်နိုးလာဖို့ နာရီဝက်မျှသာသူအချ်ိန်ယူရတယ်။

ယခုနတွေ့လိုက်ရတဲ့ မှိန်ဖျော့ဖျော့ အလင်းရောင်နဲ့ ရှုပ်ထွေးနေတဲ့ မြင်ကွင်း
တစ်ခုက နိုးတဝက်အိပ်မက် တစ်ခုအဖြစ် ထင်ယောင်ထင်မှား ဖြစ်နေခြင်းသာ..

ဒီမြင်ကွင်းကို အလေးမထားတော့ဘ
ဲသူ့ခေါင်းထဲကထုတ်ပစ်လိုက်တယ်။
သူ့ရင်ဘတ်ကို အနည်းငယ်ပွတ်ပြီး
သူ့အတွက် လတ်လတ်ဆတ်ဆတ်ကော်ဖီတစ်ခွက်ကို မှာယူကာသောက်လိုက်ပြီး
သူ့စားပွဲဆီသို့ပြန်လာကာလုပ်စရာရှိတဲ့
အလုပ်တွေကို ဆက်ပြီး လုပ်လိုက်တယ်။

ဤသို့ သောအကြောင်းတရားများစွာကြောင့်(Complete)(Not Seen Next Life S(S2)✅✅✅✅Where stories live. Discover now