..[ U ]
ဘွားရှကွယ်လွန်ပြီးတဲ့နောက်, ရှမိသားစုမှ
ညီကို နှစ်ယောက်ကဘွားရှ၏အရိုးပြာကို
ရှမိသားစု အိမ်ဟောင်းသို့ ပြန်ယူလာခဲ့တယ်၊ရက်အနည်းငယ်အတွင်း, ဆွေမျိုးတွေနဲ့ သူငယ်ချင်း တွေက သူတို့ရဲ့ ဝမ်းနည်းမှု တွေကို အဆုံးမရှိ ပြောဆိုလာကြတယ်၊လီမော်နဲ့ကျိချင်ကဲ့သို့သော လက်ရှိဖျော်ဖြေရေးနယ်ပယ်၌ ရေပန်းစားနေတဲ့ နာမည်ကြီးကြယ်ပွင့် နှစ်ဦးပင် ၎င်းတို့၏အလုပ်တွေကို
ပစ်ပြီး အရောက်လာကြတယ် ။ထိုနှစ်ယောက်က သာမန်ပုံစံဖြင့် ရောက်လာကြရင်းတတ်န်ိုင်သလောက် လူပေါင်းများစွာရဲ့ အကြည့်တွေကို ရှောင်လွှဲနေကြတယ်၊
တစ်ယောက်ပြီး တစ်ယောက်ထွက်ခွာသွားကြပြီးနောက် လီမော်ကရှလျန်နှင့် ခဏတာ အတူထိုင်ရန်အခွင့်အရေး ရရှိလာတယ်။လီမော် ကရှလျန်၏ကိုယ်ဝန်နှင့် ကလေးမွေးဖွားခြင်း အကြောင်းအရာတွေကို လုံးဝပင်မသိခဲ့။ ရှလျန် လအတော်ကြာ အိပ်ရာထဲလဲသွားပြီး ကုလီရွှမ်းအားဓားဖြင့် ထိုး၍ ခုခံခဲ့တာကိုသာသူသိခဲ့တယ်။
ထို အဖြစ်အပျက်အပြီးတွင် ဝမ်ပင်က ကုလီရွှမ်းရဲ့ မှတ်ညာဏ်တွေကို ဖျောက်ပစ်လိုက်တယ်။ တရားခွင်မှာလည်း သူဘာကိုမှမပြောနိုင်ခဲ့ဘူး၊ တခါတရံ ရယ်ပြီး ကျိန်ဆဲနေခဲ့တယ်၊ ကုလီရွှမ်းအား စိတ်ပိုင်းဆိုင်ရာ ပြသနာရှိသည်ဟု ယူဆပြီး ထောင်အစား စိတ်ကျန်းမာရေး ဆေးရုံဆီသို့ ပို့ခဲ့တယ်။
ယခုတွင်မူ သူတို့နှစ်ယောက်စလုံးက
ကုလီရွှမ်းအကြောင်း ပြောရမည်အား
တိတ်တဆိတ်ပင်ရှောင်ရှားနေကြတယ်။ကျိချင်ရှရှအား စနောက်နေသည့်အသံကို
ဧည့်ခန်းထဲမှကြားနေရတယ်၊လီမော် ရှရှကို
ကြည့်ရင်း သူ့ဘေးတွင်လည်း မိခင်ဟု ယူဆနိုင်မည့် အမျိုးသမီးတစ်ယောက်မှမတွေ့ ရတာမို့ ရှလျန်ကို အသေအချာပင်မေးလိုက်တယ်၊"ရှရှကို မင်းရဲ့ သမီးအဖြစ်အသိအမှတ်ပြုလိုက်တယ်လို့ ငါကြားတယ်,အဲ့ဒါတကယ်လား?"
ရှလျန်က ရှရှလေးက်ို စိုက်ကြည့်လိုက်တယ်၊
"ရှရှကိုအသိအမှတ်ပြုတာ မဟုတ်ဘူး၊
သူက အစကတည်းက ငါ့သမီးပဲ"
YOU ARE READING
ဤသို့ သောအကြောင်းတရားများစွာကြောင့်(Complete)(Not Seen Next Life S(S2)✅✅✅✅
Любовные романыနောင်ဘ၀မင်းနဲ့မဆုံချင်တော့ဘူး၏ ဘာသာပြန် (အတွဲ၂)လေးပါ cover photo...credit pinterest