..[ U ]
ခဲ့မိုင်ပေးသော ဆေးတစ်ဗူးကြောင့်ရှလျန် နောက်ဆို အခက်တွေ့တော့မည်မဟုတ်ပေ။
တလကြာပြီးနောက်, ရှလျန်ရဲ့ နံနက်ခင်း ဖျားနာမှုက နောက်ဆုံးတွင်သက်သာသွားခဲ့ပြီး အစားစားချင်စိတ် စတင်ဖြစ်ပေါ်လာခဲ့တယ်၊နောက်ဆုံးတွင် ပြန်၍ ဝဝဖြိုးဖြိုး
လေး ဖြစ်လာပြီး သူ့ ဗိုက်လေးကလည်း သိသိသာသာပင် မြင်တွေ့ရလောက်သည်အထိ ကြီးထွားလာတယ်။
ရှလျန် တစ်ယောက်ယခင်လို စိတ်မဆတ်တော့ပဲ သက်တောင့်သက်သာလည်း ခံစားလာရပြီး အိမ်မှာနေရင်း စားလိုက်၊အိပ်လိုက် ၊ဗိုက်ဆာရင် ထစားလိုက်နဲ့ ထိုဘဝလေး
တဖြေးဖြေး နှစ်သက်လာတယ်။
ကုမ္ပဏီ၏ video conferenceတွင်တပတ် လျှင်တကြိမ် မျက်နှာပြ၍ ဖုန်းနှင့်လည်း မကြာခဏညွှန်ကြားချက်များ ပေးလာနိုင်
သည့်အပြင် အခြားသောလုပ်ငန်းများလုပ်ဆောင်ရန်ကိုလည်းကျုန်းရှိူ့အား
လွှဲအပ်ထားခဲ့တယ်၊ဤသို့ပင် ရုတ်တရက်
လွယ်ကူလာသော ဘဝ အစိတ်အပိုင်းအချို့က သူ့အား အနည်းငယ်ထူးဆန်းမှုတို့ ဖြစ်စေတယ်။
ရှလျန်က တီဗွီဇာတ်လမ်းတွေကိုလည်း
မကြည့်သလို ရှိုးတွေကိုလည်း မနှစ်သက်ဘူး၊ရံဖန်ရံခါ စီးပွားရေး လုပ်ငန်း ဆိုင်ရာ ချန်နယ်အချို့အာရ ကြည့်ရှု သော်လည်း အများအပြားက အဓိပ္ပါယ်မရှိတာကို တွေ့ရတယ်။
ဘာမှလုပ်စရာလည်း မရှိတာမို့ နောက်ဆုံးတွင် သူရင်းနှီးမြုပ်နှံထားတဲ့ ရုပ်ရှင်ကားကို သတိရလိုက်မိတယ်၊သူ့ဖုန်းကို ဖွင့်ပြး ဇာတ်ကားနာမည်ကို ရှာလိုက်တယ်၊ထို အခါ၌ ကြော်ငြာများစွာနဲ့ အတူ ဗွီဒီယို
တွေပါ တက်လာတယ်။
သူနဲ့ စုန့်ယန် တို့ ရင်းနှီးမြုပ်နှံခဲ့တဲ့ သည်က 'Zodic' အမည်ရတဲ့ Fantasy dramaတစ်ခု ဖြစ်တယ်၊အဓိက အမျိုးသားဇာတ်ဆောင်
ကတော့ လီမော် ဖြစ်ပြီးအမျိုးသမီးဇာတ်ဆောင်က တက်သစ်စမင်းသမီးတခက်ဖြစ်ကာ ဒုတိယအမျိုးသားဇာတ်ဆောင်က
ကျိချင်ဖြစ်တယ်၊ဒရမ်မာရဲ့ တရားဝင် Weiboက low-keyလေးဖြင့်သာရှိနေတယ်၊ နှစ်ရက် သို့ မဟုတ် သုံးရက် တခါမှ ပိုစ့်လေးတွေနည်းနည်းတင်ပေးတတ်တယ်၊
ယခုအချိန်တွင် တရားဝင် ဆိုဒ်၌ ပရိသတ်က
နှစ်ပိုင်းကွဲနေတယ်၊တစ်မျိုးက မူလပရိသတ်တွေဖြစ်ပြီး နောက် တမျိုး ကအမျိုးသမီးဇာတ်ဆောင်နှင့် ဒုတိယအမျိုးသားဇာတ်ဆောင်ရဲ့ ပရိသတ်တွေဖြစ်နေတယ်။
အမျိုးသား ဇာတ်ဆောင်ဖြစ်တဲ့လီမော်ကတော့ လူသိနည်းတဲ့ မင်းသားတစ်ယောက်မို့ အစပိုင်းမှာ အနည်းငယ် အငြင်းပွားမှု
လေးတွေပင်ရှိခဲ့ကြတယ်။
YOU ARE READING
ဤသို့ သောအကြောင်းတရားများစွာကြောင့်(Complete)(Not Seen Next Life S(S2)✅✅✅✅
Любовные романыနောင်ဘ၀မင်းနဲ့မဆုံချင်တော့ဘူး၏ ဘာသာပြန် (အတွဲ၂)လေးပါ cover photo...credit pinterest
