[ U ]
ရှလျန် မူလအစကတော့ သူ့ကို လှည့်စားရန် ရည်ရွယ်ခြင်းပင်၊ ကျုန်းရှို့ တစ်ယောက်
လွန်ခဲ့သည့် သုံးနှစ်ကအတိုင်းငြင်းမယ်လို့ပဲ
သူတွေးမိခဲ့တယ်၊ဒီ တကြိမ်မှာတော့ မမျှော်လင့်စွာဘဲ ကျုန်းရှို့က ချက်ခြင်း ဝန်ခံလာတယ်၊
ကျုန်းရှိူ့ ပုံစံက ရှလျန် အတွက် အနည်းငယ်ရယ်စရာဖြစ်နေသော်လည်း ရှလျန် ပြုံးမိရင်း အသေအချာပင်အလေးအနက်ထား၍ ပြန်မေးလိုက်တယ်၊
" ကျုန်းရှိူ့ , မင်း မျိုးရိုး ဗီဇပုံဖော်ခံပြီးတဲ့နောက် အဲ့ဒီလို မျိုး ထင်ယောင်ထင်မှားတွေရောဖြစ်ဖူးလား ?"
ကျုန်းရှိူ့ကအံ့သြစွာဖြင့်ကြည့်လာချိန်ရှလျန်က ဆက်ပြောလာတယ်၊
"ငါတို့ရဲ့ ပရိုမုန်းတွေက တစ်ယောက်နဲ့
တစ်ယောက် ဆွဲငင်ပြီး အယ်ဖာနဲ့ အိုမီဂါကို ရုပ်ပိုင်းဆိုင်ရာအရ မိတ်ဖက်ဖြစ်စေတာ
ဖြစ်နိုင်လောက်တယ်၊ဒါပေမယ့် လိင်စိတ်နဲ့
အချစ်က မတူ ညီဘူး၊ တနေ့နေ့ တချိန်ချိန်
ပရိုမုန်းတွေရဲ့ အနှောင့်အယှက်တွေကို ဖယ်ရှား လိုက်နိုင်ရင်နောင်တတရားတွေကို မင်း မြင်လာလိမ့်မယ်, မင်းအခုလက်ရှိ
ဆွဲဆောင်ခြင်းခံနေရတာကလည်း
လှည့်စားမှု တစ်ခုပဲ "ကျုန်းရှိူ့ရဲ့ မျက်လုံးလေးတွေ တဖြေးဖြေး မှိန်ဖျော့လာတယ်၊
ရှလျန် က သူ့ကိုယ်သူ ဆင်ခြင်တုံတရားဖြင့်
ထိန်းသိမ်းနေမည်ဟု သူမမျှော်လင့်မိဘူး၊
ဒူလန်ကျဲရဲ့brainwash လုပ်တာကိုခံထားရလို့လား သို့မဟုတ် သူ့ကိုယ်သူပဲလှည့်စားနေခြင်းလားဆိုတာကို သူတကယ်မသိတော့ဘူး၊ထိုသို့ ပြောလာခြင်း အတွက် ကျေးဇူးတင်မိသော်လည်းသူတကယ်ဝမ်းနည်းလာမိတယ်။
တကယ်တမ်းတော့ ရှလျန်ကို ချစ်မြတ်နိုးကြောင်း ဖော်ပြနိုင်ဖို့ အကြိမ်ပေါင်းမရေမတွက်နိုင်သည်အထိ အခွင့်အရေးတွေရခဲ့ပါသော်လည်း ငြင်းပယ်ခံရမှာကို ကြောက်ရွံ့သည်က တကြောင်း, သူတို့ အချင်းချင်း ဘယ်သောအခါမှ မျက်နှာချင်းမဆိုင်ရတော့မှာကို ကြောက်ရွံ့သည်တို့ကြောင့် အခုတွင်လည်း သူ့ကိုယ်သူပင်အတင်းအကြပ်ဖိအားပေးကာ ချိုးနှိမ်နေရပြန်တယ်၊
YOU ARE READING
ဤသို့ သောအကြောင်းတရားများစွာကြောင့်(Complete)(Not Seen Next Life S(S2)✅✅✅✅
Romanceနောင်ဘ၀မင်းနဲ့မဆုံချင်တော့ဘူး၏ ဘာသာပြန် (အတွဲ၂)လေးပါ cover photo...credit pinterest