EP64(U&Z)

1.1K 103 0
                                    

..[ U ]

နောက်နေ့ မနက်စောစောတွင်, ရှလျန် တစ်ယောက် ဖုန်းမြည်သံကြောင့် နိုးလာတယ်၊
အိပ်မှုန်စုန်မွှားဖြင့် ဖုန်းဖြေပြီးနောက်စက္ကန့်ပိုင်း အကြာချက်ခြင်းပင်ထလာလိုက်တယ်။

သူ့ဘေးတွင်ရှိနေတဲ့ ကျုန်းရှိူ့က ရှရှရဲ့ ခြေထောက်တွေကို ဖိကိုင်ထားပြီး လှည့်
ကြည့်လာချိန် ရှလျန်တစ်ယောက်ဖုန်းကို
ကိုင်ရင်း ခုတင်ဘေးတွင်ထိုင်နေတာကို
တွေ့လိုက်ရတယ် ။

"လျန်ကော ဘာဖြစ်လို့လဲ?"

"အဘွားအတော်လေး နေမကောင်း ဖြစ်နေတယ်လို့ ရှလျန် ဖုန်းဆက်တယ်"

ရှလျန်၏အသံက အနည်းငယ် တိမ်ဝင်နေပေမယ့်တည်ငြိမ်နေဆဲပင်၊ သူတဖက်သို့လှည့်ပြီး ကျုန်းရှိူ့အား ပြောလိုက်တယ်။

"ငါ ဘီမြို့တော်ကို တတ်နိုင်သရွေ့အမြန်ဆုံး
ပြန်မှရမယ်"

ကျုန်းရှိူ့လည်းချက်ခြင်းအိပ်ရာထဲမှထလာတယ်၊

"ကျွန်တော်လည်း ကောနဲ့ အတူလိုက်မယ်"

ပြောရင်းနဲ့မှ ရှရှကို ခေါ်ရန် ခေါင်းငုံ့လိုက်တယ်။

ရှလျန်က ကျုန်းရှိူ့အား ရှရှနဲ့ အတူနေစေချင်ပေမယ့် ရှလင်ရဲ့ စိုးရိမ်ပူပန်နေသံကို ပြန်တွေးမိရင်း သူတို့ အဘွားက အချိန် သိပ်မကျန်လောက်တော့တာမို့ ရှရှကို ပြန်ခေါ်
သွားဖို့သာလုပ်လိုက်တယ်။

ရှရှက ကလေးပဲရှိသေးတာမို့ နာရီအနည်း ငယ်မျှအိပ်မောကျနေလျက်ယခုတွင်မူ မထနိုင်ခဲ့ဘူး။ ကျုန်းရှိူ့က ရှရှအား ကျောပေါ်တင်ပြီးခရီးဆောင်အိတ်များနှင့်အတူ အပြင်သို့
ထွက်လာခဲ့လိုက်တယ်။

သူတို့မိသားစုသုံးယောက် ဘီမြို့တော်သို့
ဦးတည်လျက် အဝေးပြေး လမ်းမကြီး ပေါ်
မောင်းနှင်လာကြတယ်၊အဝေးပြေး လမ်းမကြီး ပေါ်၌ မည်သူမှရှိမနေတာကိုတွေ့ရှိခဲ့သော်လည်း ဆယ်မီတာ အကွာအဝေး
သူတို့ နှင့်ခပ်လှမ်းလှမ်းတွင် ကားတစ်စီး
ရှိနေတာကို တော့ရှလျန်တွေ့နေရတယ်။

ကျုန်းရှိူ့က နောက်ကြည့်မှန်မှတဆင့်
ရှလျန်ရဲ့ ထိတ်လန့်နေတဲ့ မျက်ဝန်းတွေကို
သတိပြုလိုက်မိတာမို့ရှလျန်ရဲ့ လက်လေးအား ဆုပ်ကိုင်ပြီးပြောလိုက်တယ်၊

ဤသို့ သောအကြောင်းတရားများစွာကြောင့်(Complete)(Not Seen Next Life S(S2)✅✅✅✅Where stories live. Discover now