EP47(U&Z)

940 103 0
                                    

..[ U ]

ရင်မိုဟွားက ကျုန်းရှို့အားတချက်ကြည့်ပြီး
သူ့ကို မှတ်မိနေခြင်းအတွက်အံ့သြနေဟန်ပင် ရှိမနေခဲ့ဘူး။

"မင်းကရှလျန်ဘေးကလက်ထောက်မလား?"

ကျုန်းရှို့တခဏမျှအံ့သြနေရာမှရင်မိုဟွားကတော့ ပုံမှန်အတိုင်းရှိနေဆဲပင်။

သူ့ရှေ့မှာတင်ပဲ ရင်မိုဟွားက ဖုန်းခေါ်ကာ ပြောလာတယ်၊

" ရှလျန်, မင်း ကြားရလား?မင်းရဲ့ လက်ထောက်ကခုထိအသက်ရှင်နေ
သေးတယ်နော်"

"ဒါဆိုလည်း ကောင်းပါပြီ၊ မစ္စတာရင်က
တရားလက်လွတ်လုပ်မယ့်သူမဟုတ်ဘူးဆိုတာကိုငါယုံပါတယ်။ငါ့လက်ထောက်နဲ့ စကားနည်းနည်းလောက်ပြောလို့ရနိုင်
မလား?"

"ဘာလို့ မဖြစ်နိုင်ရမှာလဲ?"

ရင်မိုဟွားက အနက်ရောင်ဝတ်စုံနှင့်လူတစ်ဦးထံသို့ ဖုန်းကို ရက်ရောစွာဖြင့် ပေးလိုက်တယ်၊ ထိုသူက ဖုန်းအား ကျုန်းရှို့ ရဲ့နားနားသို့ကပ်ပေးလာတယ်။

"လျန်ကော..."

ကျုန်းရှို့ တစ်ယောက်ခံစားချက်တို့
ရောထွေးနေလျက်ဘာပြန်ပြောရမှန်း
မသိဖြစ်နေတယ်။

"နားထောင်! ကျုန်းရှိူ့"

ရှလျန်ရဲ့ အသံက အလွန်တည်ငြိမ်နေတယ်၊

" မင်းနဲ့ဖုန်း အကြာကြီး ပြောလို့မရဘူး၊
မင်း တစ်ခုသိထားရမှာကသူတို့ဘာမေးမေး,
မင်းမဖြေနဲ့"

ကျုန်းရှိူ့ မျက်လုံးတွေကို ပင့်တင်ပြီး
ရင်မိုဟွားကို ကြည့်လိုက်တယ်၊ ရှလျန် တမင်တကာ အသံတိုးတိုး မပြောခြင်းက
ရင်မိုဟွားသိရန်အတွက်လို့ ယူဆနိုင်တယ်၊
သို့သော် ရင်မိုဟွားက မခန့်မှန်း နိုင်တဲ့အပြုံးဖြင့် သူ့ အမူအရာကိုမပျက်ယွင်းစေဘဲရှိနေတယ်။

ကျုန်းရှိူ့ ရှလျန်ရဲ့ ဆိုလိုရင်းကို ချက်ခြင်း နားလည်သွားတယ်၊ မြေခွေးအို ရင်မိုဟွားရှေ့ မှာ ဖုံးကွယ်လိမ်ညာပါကလည်း အချည်းနှီးသာဖြစ်နိုင်ပြီး တိတ်တဆိတ် နေခြင်းကသာ
အကောင်းဆုံး နည်းလမ်း တစ်ခု ဖြစ်တယ်။

ကျုန်းရှိူ့ တစ်စုံတရာကို သတိရသွားပြီး
အလျင်အမြန် ပြောလိုက်တယ်၊

ဤသို့ သောအကြောင်းတရားများစွာကြောင့်(Complete)(Not Seen Next Life S(S2)✅✅✅✅Where stories live. Discover now