..[ U ]
ကျုန်းရှိူ့ တဖက်သို့လှည့်လာပြီး သူ့ရဲ့
အကျီကိုမတင်ပြလာတယ်၊ ရှလျန်သူ့နောက်ကျောရှိ ဒဏ်ရာတွေကို မြင်လိုက်
ရတဲ့အချိန် အသက်ရှုဖို့ရာပင်မေ့လျော့
သွားခဲ့တယ်။
အမာရွတ်ကအသစ်တွေရောအဟောင်းတွေ
ပါ ရှိနေပြီးဓားဒဏ်ရာတွေနဲ့ အတူ ကျည်ဆန်ဒဏ်ရာတွေပါ ရှိနေတယ်၊ လွန်ခဲ့တဲ့ လေးနှစ်တာကာလအတွင်းကျုန်းရှိူ့ ဘယ်လိုတွေ ဖြတ်သန်းလာရမလဲဆိုတာကို တွေးကြည့်လို့ပင်မရခဲ့ဘူး။
"မင်းနောက်ကျောမှာ အများကြီးပဲ"
ရှလျန် ကျုန်းရှို့ရဲ့ နောက်ကျောပြင်ကို
ကြည့်ပြီး မထိတို့ဘဲ မနေနိုင်တော့ဘူး၊
ရှလျန် အသံတွေပင်တုန်ယင်လာလျက် ,
" တခြားနေရာတွေမှာရောရှိသေးလား?"
"မကြည့်နဲ့"
ကျုန်းရှိူ့ သူ့ အကျီကို ဆွဲချပြီး ရှလျန်ရဲ့
လက်ကို ဆွဲကိုင်ရင်း တဖက်လှည့်လာတယ်၊
" ဒါတွေက ဒဏ်ရာသေးသေးလေးတွေပါ,
ခဏပဲ ,နောက်ဆို မနာတော့ဘူး,အခုဆို
အဆင်ပြေနေပြီ"
ရှလျန်က တုံးအသူမဟုတ်တာမို့ ဆက်ပြောလိုက်တယ်။
" ခုနကပဲ ,မင်းရဲ့ နေထိုင်စားရိတ်နဲ့ ဆေးဝါး
အဖိုးအခတွေအတွက်မင်းစစ်တပ်ထဲ
ဝင်ရတယ်လို့ ငါ့ကို ပြောတယ်,မင်းစစ်တပ်မှာထမ်းဆောင်ရမယ့်တာဝန်ကအသေး အမွှားတော့ မဖြစ်နိုင်ဘူး၊မင်းဘယ်အပိုင်းကို တာဝန်ယူရတာလဲ?"
ကျုန်းရှို့ သက်ပြင်းချလိုက်မိတယ်, ရှလျန်ရဲ့
ဒေါသ အရ တမင်တကာဖုံးကွယ်ထားလို့ရနိုင်မည်မဟုတ်တာကို သူသိတာမို့အသေ အချာရှင်းပြလိုက်မိတယ်။
"ကျွန်တော်ရှရှကို အဲ့ဒီကို ခေါ်သွားပြီးသိပ်မကြာခင်မှာပဲ ABOမျိုးနွယ်စုတွေ စစ်ဖြစ်ပွားကြတယ်၊ အရပ်ဖက်မှာရှိတဲ့ မငြိမ်မသက်မှုတွေကလည်း အရည်အချင်းရှိတဲ့ အိုမီဂါအချို့ကြောင့် ဖြစ်ခဲ့တာမို့ တင်းတင်းကြပ်ကြပ်ချုပ်ကိုင်ခံရတယ်၊ဒူလန်ကျဲ တဖက်ကမ္ဘာက ပြန်ဖမ်းခေါ်လာတဲ့ ချန်းရှအကြောင်းလဲ ကြားတယ်၊ချန်းရှတောင် နှစ်ကြိမ်တိတိ
ပြန်ထွက်ပြေးဖို့ ကြိုးစားခဲ့သေးတယ်၊ သူက
ပုန်ကန်သူတွေနဲ့ ပူးပေါင်းပြီးဥပဒေတွေကို
ပြင််ဆင်ဖို့နဲ့ ကျဆုံးသူတွေရဲ့အလောင်းတွေကို ပြန်ယူဖို့အာဏာရှိသူတွေကို ပုန်ကန်တောင်းဆို သူတွေနဲ့ ပူးပေါင်းခဲ့သေးတယ်"
YOU ARE READING
ဤသို့ သောအကြောင်းတရားများစွာကြောင့်(Complete)(Not Seen Next Life S(S2)✅✅✅✅
Любовные романыနောင်ဘ၀မင်းနဲ့မဆုံချင်တော့ဘူး၏ ဘာသာပြန် (အတွဲ၂)လေးပါ cover photo...credit pinterest
