..ရှလျန်က ကျုန်းရှိူ့နှင့် မိတ်ဆက်ပေးလိုသည့်အတွက် ခေါ်လာခြင်း ဖြစ်နိုင်လောက်တယ်။
မိတ်ဆက်ပြီးနောက် တဖက်သို့လှည့်ပြီး
ကျုန်းရှို့ကို ပြောလိုက်တယ်၊"မင်း စားချင်တာရှိရင် တစ်ခုခု မှာပြီး
စားလိုက်...ဒီမှာဘဲ အမြဲထိုင်နေဖို့ မလိုဘူး"ကျုန်းရှို့ က တုံ့ပြန်မှုနဲ့အတူ ခေါင်းညိတ်ပြလိုက်တယ်။ရှလျန်ရဲ့ သဘောထားကသူ့ကို
တမင်တကာပင်ရှောင်ခိုင်းစေချင်ပုံကအတော်လေး သိသာနေတယ်။ရှလျန်က သူ့ကို အလုပ်ကိစ္စတွေမှာတော့
အမြဲတမ်း ယုံကြည်မှုရှိပြီး စီးပွားရေး အစည်းအဝေးတွေကိုသာသူကို လိုက်စေတယ်၊ဒါပေမယ့် အလွန်လျို့ဝှက်တဲ့
တွေ့ဆုံမှု တွေ သို့တည်းမဟုတ် ပုဂ္ဂိုလ်ရေး ဆိုင်ရာ ကိစ္စတွေမှာတော့ ရှလျန်ကသူ့ကို
အပြင်မှာသာထွက်နေစေတယ်။အရင်တုန်းကတော့ ကျုန်းရှို့က အမြဲတစေနာခံမှုရှိပြီး
သူစိတ်အေးအေးထားနိုင်တယ်၊ဒါပေမယ့်
ဒီတကြိမ်မှာတော့ သူ့ကိုယ်သူတောင် တည်ငြိမ်နိုင်ဖို့အတော်လေးကို ကြိုးစားနေရတယ်။ဒီတခါ သူတို့ ဘာလို့တွေ့ဆုံရတယ်ဆိုတဲ့ အကြောင်းရင်းကို သူတကယ်မခန့်မှန်းနိုင်ဘူး၊ထပ်ပေါင်းပြောရမယ်ဆိုပါက,ရှလျန်နဲ့
သူ့ အတန်းဖော်လီမော်က နောက်ထပ်ဆက်ဆံရေးတစ်ခုရှိပုံရတယ်။ရှလျန်ကိုယ်ပေါ်မှအမွှေးနံ့ကို လီမော် ကရော
သူ့လိုဘဲ အလွန်အမင်း စိတ်ရှုပ်နေလိမ့်
မလား? သူထွက်သွားပြီးတဲ့နောက်သူတို့ဘာတွေပြောကြမှာလဲ ဆိုတာကိုလည်း
သူမတွေးတတ်ဘူး။"ဟေး...မင်းငါပြောတာကြားလား?"
ရှလျန်က သူ့လက်ကို မြှောက်ပြီး ကျုန်းရှိူ့
ရှေ့ မှာဝေ့ရမ်းလိုက်တယ်၊ကျုန်းရှို့ ထိုအခါမှ
သတိပြန်ဝင်ပြီး ခေါင်းမော့ကာ တုံ့ပြန်လိုက်မိတယ်။"ငါပြောနေတာ...မင်းငါ့ကို စိုးရိမ်စရာမလိုဘူး၊ငါ့ကိုနောက်နှစ်နာရီအကြာမှလာပြန်ခေါ်"
ရှလျန်က သူ့ကို ထပ်ပြောလာပြီး ကျုန်းရှို့ရဲ့
နဖူးလေးအား စမ်းရန် လက်ကို မြှောက်လိုက်တယ်။
YOU ARE READING
ဤသို့ သောအကြောင်းတရားများစွာကြောင့်(Complete)(Not Seen Next Life S(S2)✅✅✅✅
Romanceနောင်ဘ၀မင်းနဲ့မဆုံချင်တော့ဘူး၏ ဘာသာပြန် (အတွဲ၂)လေးပါ cover photo...credit pinterest