..[ U ]
ရှလျန် ခဏတာမျှနားမလည်နိုင်ဖြစ်သွားတယ်။
"ငါ့ကိုလား?"
ရှလျန်ရဲ့ တုံ့ပြန်မှုက ရင်မိုဟွားမျှော်လင့်ထားသည့်အတိုင်းဖြစ်ပုံရတယ် ၊သူ့လက်ကို
ဝေ့ရမ်းပြီး သေနတ်များနှင့် အရံသင့်ရှိနေတဲ့ သက်တော်စောင့်တွေကို အဝေးသို့သွားဖို့
သာယာညှင်းပျောင်း စွာပြောလာတယ်။
"မင်းသာ ငါ့အနားမှာရှိနေပေးမယ်ဆို
ရှမိသားစုရဲ့ လုပ်ငန်းတွေကို ထိန်းချုပ်ထားနိုင်ရုံမျှမက, မင်းရဲ့ ရောဂါကိုပါ ကုသနိုင်ဖို့
ငါ့ဘက်က အကုန်လုံးတာဝန်ယူတယ်,
အဲ့လိုဆိုရင်ရောဘယ်လိုလဲ?"
ကျုန်းရှိူ့ရဲ့ ကာကွယ်လိုမှုက ရုတ်ခြည်းပင်
ပိုမို ဆိုးဝါးလာတယ်။
"လျန်ကော, သူ့ကို မယုံနဲ့, ဒီလူ.....ရည်ရွယ် ချက်ကောင်း မရှိဘူး"
ရှလျန် ကျုန်းရှို့ကို ကြည့်ပြီးနောက်ရင်မိုဟွားကို တချက်ကြည့်တယ်၊ သူဘယ်လောက်ပဲ
တုံးအနေပါစေ , သူနဲ့ ကျုန်းရှို့ ကြားပြောမပြနိုင်တဲ့ အကြောင်းအရာတွေ ဆက်တိုက်ပင်ကြုံတွေ့ခဲ့ရတာမို့ ရင်မိုဟွားရဲ့ မျက်လုံးထဲမှ
လိုအင် ဆန္ဒတွေကို တွေ့နေရတဲ့အခါ,
သူတဖြေးဖြေး မျက်စိပွင့်လာတယ်။
သို့သော်,ပထမဦးစွာ ဖြစ်ပေါ်လာသည့်ခံစားချက်က ဒေါသတရားမဟုတ်ဘဲအံ့သြနေမိခြင်းပင်၊ သူက လိင်တူ ကြိုက်နှစ်သက်သူလည်းမဟုတ်ခဲ့၊ သူ့နဲ့ လုံးဝ မသက်ဆိုင်ခဲ့သောကြောင့် စာနာတတ်ခြင်း မရှိခဲ့သည့်တိုင် ခွဲခြားဆက်ဆံခြင်းလည်းမပြုခဲ့ဘူး။
ဒါပေမယ့် ရှလင် came outလုပ်ပြီးချိန်၌ သူ့ဘဝကလည်း ကမ္ဘာသစ် တစ်ခုထဲသို့ရောက်သွားခဲ့တယ်၊ နှစ်အနည်းငယ်အတွင် လိင်တူ ချစ်သူတွေက သူ့ အနီးနားမှာ မှိုလိုပေါက်လာတယ်။
သူနဲ့ ကျုန်းရှိူ့ ကြားမှကိစ္စတွေတောင်
အပြီးသတ် မပြေလည်သေးချိန် အခုတဖန်
ယုတ္တိမရှိသော စေတနာဗလပွကို ဖော်ပြပြီး
မြင့်မြတ်တဲ့ အမွေဆက်ခံသူက သူ့အား
ကမ်းလှမ်းလာပြန်တယ်၊ရှလျန် တစ်ယောက်
အကျီ အောက်မှ ဗိုက်ပူပူလေးကို ထိမိရာမှ
ထိတ်လန့်သွားလျက် သူက မင်းသမီးမယ်ရီ စုရဲ့ ဇာတ်ညွန်း အတိုင်းမှားယွင်းမှုတွေများဖြစ်နေလေရော့သလား?
YOU ARE READING
ဤသို့ သောအကြောင်းတရားများစွာကြောင့်(Complete)(Not Seen Next Life S(S2)✅✅✅✅
Любовные романыနောင်ဘ၀မင်းနဲ့မဆုံချင်တော့ဘူး၏ ဘာသာပြန် (အတွဲ၂)လေးပါ cover photo...credit pinterest
