.[ U ]
ရှလျန် ဆိုဖာပေါ်တွင်ခဏထိုင်နေလိုက်တယ်၊အပေါ်ထပ်မှဆင်းလာတဲ့ခပ် သွက်သွက်ခြေသံကို ကြားနေရင်းကျုန်းရှိူ့တစ်ယောက်မီးဖိုချောင်ထဲသို့ ခဏပြေးဝင်သွားပြီးနောက် တစ်ခုခုယူပြီး အပေါ်ထပ်ဆီသို့ ပြန်တက်သွားတာကို တွေ့နေရတယ်။
ကျုန်းရှိူ့ ဘာတွေလုပ်နေလဲဆိုတာကို ရှလျန် မသိဘူး၊ ခဏမျှထိုင်နေပြီးနောက်အပေါ်
ထပ်ဆီသို့ ဖြေးညှင်းစွာတက်လာလိုက်တယ်၊ ကျုန်းရှိူ့ အခန်းတံခါးပိတ်ထားတာကို
မြင်တဲ့အခါ တံခါးခေါက်ရန်လက်ကိုမြှောက်လိုက်တယ်။သူတို့ နှစ်ယောက်အကြောင်းကို တွေးမိပြန်တော့ တံခါးမခေါက်ဘဲ သူပြန်ထွက်လာလိုက်တယ်၊ မီးဖိုချောင်ထဲသို့ ဝင်ကြည့်လိုက်ရာ ရေခဲ သေတ္တာအောက်ခြေတံခါး က အနည်းငယ်ပွင့်ဟလျက်ရှိနေတယ်။သူလျှောက်လာပြီး ရေခဲသေတ္တာဖွင့်ကြည့်လိုက်တော့ အေးခဲနေတဲ့ရေခဲတုံးတွေ
ပျောက်ဆုံးနေတာကို တွေ့လိုက်ရတယ်၊ရှလျန် တစ်ယောက် ရေခဲသေတ္တာကိုခတ္တမျှစိုက်ကြည့်မိနေရင်း ရုတ်တရက် သူ့စိတ်ထဲ
တစ်ခုခု ကို တွေးမိသွားတယ်၊ သူချက်ခြင်း
ကျုန်းရှိူ့ ရဲ့ အိပ်ခန်းဆီသို့ ပြေးတက်လာခဲ့ပြီး
တံခါးအားအသည်းအသန်ခေါက်လိုက်တယ်၊" ကျုန်းရှိူ့ ...တံခါးဖွင့်စမ်း !"
အထဲ၌မူမည်သည့်တုံ့ပြန်သံမှပေါ်ထွက်မလာခဲ့။
ရှလျန်ထပ်မံ၍ ပြောလိုက်တယ်,
" ငါခေါ်နေတာကို မကြားချင်ယောင်ဆောင်မနေနဲ့ ,တံခါး အမြန်ဖွင့်စမ်း,အဲ့လိုမှမဟုတ်ရင်,ငါတံခါးကိုကန်ဖွင့်မှာနော် "
ခဏအကြာတွင်, အခန်းတံခါးပွင့်လာပြီး
ကျုန်းရှို့ တစ်ယောက် bathrobeတထည်သာဝတ်ထားတယ်၊ခေါင်းမှ ဆံပင်တွေက
ရေများ ရွှဲနစ်လျက်တစက်စက်ကျနေပြီး
မျက်နှာကလည်းဖြူဖျော့နေလျက် အနည်းငယ်တုန်ယင်နေတယ်။"မင်း ....."
ရှလျန် က ကျုန်းရှို့ မျက်နှာကို ထိကိုင်လိုက်ပေမယ့် ကျုန်းရှိူ့က နောက်သို့ ဆုတ်ပြီး
ရှလျန်လက်ကို ရှောင်ရှားသွားတယ်။ထို့ကြောင့် ရှလျန် အရှေ့သို့ တိုးသွားပြီးကျုန်းရှို့အား ဂုတ်ကနေဆွဲကိုင်လိုက်ရာတကိုယ်လုံးအေးစက်နေတာကို တွေ့လိုက်ရတယ်၊
YOU ARE READING
ဤသို့ သောအကြောင်းတရားများစွာကြောင့်(Complete)(Not Seen Next Life S(S2)✅✅✅✅
Romanceနောင်ဘ၀မင်းနဲ့မဆုံချင်တော့ဘူး၏ ဘာသာပြန် (အတွဲ၂)လေးပါ cover photo...credit pinterest