[ U ]
" စားကြစို့ "
လီမော် ရဲ့ အသံကထမင်းစားခန်းထဲမှထွက်လာပြီး ကျိချင်အား အတွေးများထဲမှဆွဲထုတ်သွားခဲ့တယ်၊
"ဘာတွေဒီလောက်တောင်တွေးနေတာလဲ?"
လီမော်က ပေါ့ပေါ့ပါးပါးပင် မေးလာတယ်၊
"ဘာမှမဟုတ်ပါဘူး"
ကျိချင် က ပုံမှန်မဟုတ်စွာပင် ပါးစပ်ထောင့်ကိုတွန့်ချိုးလိုက်တယ်၊လီမော်အတွက်
ရုတ်တရက် စိုးရိမ်မိသော်လည်းသူ့အတိတ်အကြောင်းကို လည်းပြောမလာတာမို့
ကျိချင်သည်လည်း မေးလို့မရဘူး ။သူတို့နှစ်ယောက်ထမင်းစားပွဲ၌ ထိုင်ထိုင်ခြင်းပင် ကျိချင် ထံဖုန်းဝင်လာတယ်။
"ရှောင်ကျိ..."
တဖက်မှ ဒါရိုက်တာရဲ့ ချီတုံချတုံအသံကို
ကျိချင်ကြားလိုက်ရတယ်၊"ငါတောင်းပန်ပါတယ်, ထုတ်လုပ်သူက
ဒီမနက်ငါ့ဆီဖုန်းဆက်ပြီး အမျိုးသားဇာတ်ဆောင်နေရာအတွက်လူရှိပြီးသား
လို့ပြောလာတယ်.."ကျိချင်ဝမ်းနည်းသွားတယ်၊
"ကော , ကျွန်တော်မေးလို့ ရမလား... အမျိုးသားဇာတ်ဆောင်ကိုဘယ်သူ
ယူသွားတာလဲ?"ဒါရိုက်တာက တုံ့ဆိုင်းနေပေမယ့်အမှန်အတိုင်း ဖြေလာတယ်၊
"သူလား?"
ကျိချင်အနည်းငယ်အံ့သြသွားပြီးနောက်
လီမော်ကို မသိစိတ်ဖြင့်တချက်ကြည့်လိုက်မိတယ်။"မင်းလည်း ဒါကိုအနှေးနဲ့ အမြန်သိမှာပဲလေ, ကုလီရွှမ်း ယူသွားတာ"
လီမော်က ဘယ်သူဖုန်းဆက်တယ်ဆိုတာကို
မသိပေမယ့်ကျိချင်ရဲ့ အကြည့်တွေကိုတော့ သတိပြုမိတာမို့ တဖက်လူအား မေးခွန်းထုတ်သည့် အကြည့်တွေဖြင့် တုံ့ပြန်လိုက်တယ်၊ကျိချင်က လောလောဆယ်သူ့ထံသို့ မည်
သည့် တုံ့ပြန်မှုမှမပြုနိုင်လျက်ဖုန်းထဲမှ
ဒါရိုက်တာရဲ့ စကားသံတွေကိုသာနားထောင်နေခဲ့တယ်၊" အစတုန်းကတော့ မယုံခဲ့ပေမယ့် ထုတ်လုပ်သူဆီ ကုလီရွမ်းရဲ့ လက်ထောက်က ဖုန်းခေါ်ပြီး ဆက်သွယ်လာတယ်ဆိုတာတော့ တကယ်အမှန်ပဲ,.ဒါကြောင့် ..."
YOU ARE READING
ဤသို့ သောအကြောင်းတရားများစွာကြောင့်(Complete)(Not Seen Next Life S(S2)✅✅✅✅
Romanceနောင်ဘ၀မင်းနဲ့မဆုံချင်တော့ဘူး၏ ဘာသာပြန် (အတွဲ၂)လေးပါ cover photo...credit pinterest