..[ U ]
ရင်မိုဟွား တစ်ယောက်ရှလျန်ကို ခြိမ်းခြောက်ခဲ့ပေမယ့် မျှော်မှန်းထားသည့်
ရလာဒ်ကိုတော့ မရရှိခဲ့ဘူး၊ အဲ့ဒီအစား
ရှလျန်က နောက်တကြိမ်ပင်တွေးတောခြင်း
မရှိဘဲ ထွက်သွားဖို့အမိန့်ပေးလာတယ်၊
ရင်မိုဟွား အလွန်အမင်း စိတ်မသက်မသာဖြစ်ကာ သူ့ ကားပေါ်သို့ပြန်တက်လာလိုက်တယ်။
သို့သော် ရှအိမ်တော်မှသူတို့ကားထွက်လာပြီး ဆယ်မိနစ်မျှအကြာတွင် ရုတ်တရက် သူ့ဒရိုင်ဘာဘရိတ်အုပ်လိုက်တယ်၊နောက်ခုံတွင်ထိုင်နေတဲ့ ရင်မိုဟွားတစ်ယောက် ရှေ့ခုံနှင့်နဖူးတိုက်လုနီးပါးဖြစ်သွားပြီး ,
"မင်းကားကို ဘယ်လို မောင်းနေတာလဲ? !"
"သူ...သူဌေး ...ရှေ့မှာ တစ်ယောက်ယောက်က ကျွန်တော်တို့ကို လမ်း ပိတ်ထားတယ်"
ရင်မိုဟွား ပြတင်းပေါက်ကနေလှမ်းကြည့်လိုက်တယ်၊ ညမှောင်မှောင်တွင်, အနက်ရောင် ကားတစ်စီးက သူတို့ခပ်လှမ်းလှမ်းတွင် လမ်းပိတ်ကာ ရပ်တန့်ထားတယ်။
ထိုကားပေါ်မှပဲ လူစိမ်းနှစ်ယောက်ဆင်းလာတယ်၊သူတို့ထဲမှတစ်ယောက်က စစ်သုံးသေနတ်တစ်လက်ကို ကိုင်ဆောင်ထား
လျက် ရင်မိုဟွားတို့ကား၏ရှေ့တာရာကို
ချိန်ရွယ်လိုက်တယ်၊ ခလုတ်ကို ဖွဖွလေး
ဆွဲလိုက်ရုံဖြင့် သူတို့ကားရဲ့ကိုယ်ထည်
က ရုတ်တရက်နိမ့်ကျသွားတယ်။
ရင်မိုဟွား ခဏတာမျှ မှက်သက်နေမိတယ်၊
သူကိုယ်တိုင်ပင် ခုချိန်ထိ ဓားပြ သို့မဟုတ်
ကောင်းစွာလေ့ကျင့်ထားတဲ့ အကြမ်း ဖက်သမားပုံစံမျိုးကိုကြုံတွေ့လာရမယ်လို့လုံးဝပင်ထင်မထားခဲ့ဘူး။
သူပတ်ဝန်းကျင်တွင် ပစ္စတိုပါသော သက်တော်စောင့်များစွာရှိသော်လည်း ၎င်းတို့၏
ပစ္စတိုအများစုက လူအများကို ကြောက်လန့်စေရန် အတွက်သာအသုံးပြုကြပြီး ခလုတ်ဆွဲဖို့အခွင့်အလမ်းမှာမူ များစွာမရှိလှ၊ သို့သော်
သူ့ရှေ့မှ လူနှစ်ယောက်က စစ်လက်နက်တွေကို ပြောင်ပြောင်တင်းတင်းကိုင်ဆောင်ထားတယ်၊အဲ့ဒီအပြင် ဘာမပြောညာမပြောနဲ့
သူ့ကားတာယာကို ချက်ခြင်းပင် ခွဲပစ်လိုက်ကြတယ်၊ထို သို့ ပြုလုပ်လာခြင်းက သမာရိုးကျ တော့ မဟုတ်ပါချေ။
YOU ARE READING
ဤသို့ သောအကြောင်းတရားများစွာကြောင့်(Complete)(Not Seen Next Life S(S2)✅✅✅✅
Romanceနောင်ဘ၀မင်းနဲ့မဆုံချင်တော့ဘူး၏ ဘာသာပြန် (အတွဲ၂)လေးပါ cover photo...credit pinterest
