EP3(U&Z)

1.7K 151 0
                                    

..အပြန်ခရီးကအနည်းငယ် ကတိုက်ကရိုက်
နိုင်လှတယ်၊ကျုန်းရှိူ့ကခပ်သုတ်သုတ်
လေး ထွက်လာပြီး ကုမ္ပဏီရုံးဆင်းချိန်ထက် အနည်းငယ်လေးတောင်နောက်ကျနေပြီ၊

ရှလျန် တစ်ယောက် ကုမ္ပဏီတံခါးဝ၌ သူ့ကို
စောင့်နေပြီး အနည်းငယ်လည်း စိတ်ကောင်းဝင်နေပုံရတယ်။

ကားဆီသို့ဝင်လာပြီးရယ်မောနောက်ပြောင်စွာပင် မေးလာတယ်။

"ဒီတခါတော့ ဘာနဲ့မှအပက်ခံမလာရဘူး
မလား ? "

"ရေနဲ့ အပက်ခံလာရတယ်"

ကျုန်းရှိူ့က တိုတိုတုတ်တုတ်ဘဲ ပြန်ဖြေတယ်၊ ရှလျန်က သူ့ကို လှည့်ကြည့်လာပြီး
ခေါင်းစခြေဆုံးကြည့်လာရင်း သက်သေအထောက်အထား ရှာလာတယ်။

"ငါတော့ ရေစိုနေတာမတွေ့ပါဘူး"

ရှလျန် သူ့ဘာသာပင် တခစ်ခစ်နဲ့ရယ်မောနေပြီးနောက် သူ့ပခုံးကို လက်လေးဖြင့် ပုတ်လာတယ်၊

"မင်းက အဲ့လို နေရာတွေမှာ တကယ်
အယုံကြည်ရဆုံးဘဲ "

ရှလျန်ကကျုန်းရှိူ့ သူ့ကို တမင်တကာ ပြောနေတယ်လို့ထင်နေခဲ့ပေမယ့် ကျုန်းရှို့ရဲ့ ဦးနှောက်တွေ ခဏတာမျှ အောက်ဆီဂျင်ပြတ်လပ်သွားတာကိုတော့ မသိခဲ့ဘူး။
ရှလျန် ကားထဲသို့ ဝင်လာကတည်းက
ရှလျန်ထံမှ ထူးခြားတဲ့ အနံ့ကို ကျုန်းရှိူ့ ခံစားမိနေတယ်၊ ကားအတွင်းပိုင်း၌ ဖွင့်ထားတဲ့
အဲ့ကွန်း လေထုကြောင့် နေ့လည်တုန်းက
သူရနေတဲ့ အနံ့ထက် ပိုပြီး မွှေးနေတယ်။
တကယ့်ကို မလွှဲမရှောင်သာဒုက္ခရောက်ခြင်းဘဲ။

ကျုန်းရှိူ့ရဲ့ နှလုံးခုန်သံတွေအဆမတန်မြန်လာတယ်၊ရှလျန်ရဲ့ယူဆချက်အားသူဘက်မှပြန်မဖြေမီ သူ့နှလုံးသားထဲမှထွက်ပေါ်လာတဲ့
မကောင်းတဲ့ ခံစားချက်တွေကို တမုဟုတ်ခြင်း ချေဖျက်နိုင်ရန်အတွက် သူ့ကိုယ်သူ
အရင်ဦးဆုံးထိန်းချုပ်နိုင်အောင်ပင် ကြိုးစား ခဲ့ရတယ်။

"သခင်လေး "

ကျုန်းရှိူ့ က ခက်ခဲစွာပင် မေးလိုက်တယ်။

"သခင်လေး....ဒီနေ့ ရေမွှေးနည်းနည်းဆွတ်လာသေးလား ?"

"ရေမွှေး ?"

ဤသို့ သောအကြောင်းတရားများစွာကြောင့်(Complete)(Not Seen Next Life S(S2)✅✅✅✅Where stories live. Discover now