EP44(U&Z)

1.3K 133 0
                                        

..[ U ]

ဆောင်းဦးပွဲတော်က မိသားစုတွေ ဆုံစည်းရာ
အချိန်ဖြစ်တယ်၊ ဘွားရှကတော့ သူမ၏သားနှင့် မြေးဖြစ်သူတို့ပွဲတော်ကိုဖြတ်သန်းရန်
အိမ်သို့ ပြန်မလာနိုင်သောကြောင့်အလွန်စိတ်မကောင်းဖြစ်နေခဲ့တယ်။

ညစာမစားခင်, ဘွားရှကရှလျန်နဲ့WeChat ကနေ video callပြောနေတယ်၊

" မင်းတို့ အဖေရော သားရော အိမ်မှာမရှိကြဘူး၊ငါ့ကို စိတ်ဆိုးအောင် လုပ်နေကြတာလား? ရှလင်ကတော့ စုန့်မိသားစုကို ခေါ်လာမယ်ပြောတယ်၊ဒီအဘွားကြီးနဲ့ အတူအား လပ် ရက်မှာရှိနေပေးမယ်လို့ ပြောတာမို့
ရှလင်ကမှ ကောင်းသေးတယ်"

ရှလျန်ရယ်မောပြီး မသိစိတ်ဖြင့်သူ့ဗိုက်လေးကို လက်ဖြင့် ဖုံးအုပ်လိုက်မိတယ်၊လွန်ခဲ့တဲ့ လအနည်းငယ်အတွင်းအစားကောင်းကောင်းစားနေခဲ့တာမို့ ဗိုက်ကလည်း တဖြေးဖြေး ပိုပို ကြီးလာတယ်၊ ကံကောင်းထောက်မစွာပင်
သူ့ မျက်နှာက သိပ်မသိသာတာမို့ ဗီဒီယိုထဲတွင် ခေါင်းလေး တစ်ခုသာ ပြဝံ့တယ်။

"မင်းအလုပ်တွေက အမြဲတမ်း မပြီးနိုင်ဘူး"

" လက်ကျန် ပရောဂျက်တွေပြီးရင်တော့
ဘွားနဲ့ အတူ နေပေးဖို့ အိမ်ကို ချက်ခြင်း ပြန်လာခဲ့ပါမယ်"

ရှလျန်ဘွားရှ ကို လိမ်လိုက်ရတယ်။

"မင်း အလုပ်တွေကတခါမှမပြီးပါဘူး"

ဘွားရှကလည်းသူ့လိမ်ညာမှုကိုလက်မခံဘူး၊

" မင်းကို ငါမတွေ့ရတာ လအတော်ကြာပြီ"

"ဟုတ်ပါပြီ"

ရှလျန် အပြစ်ရှိစိတ်ဖြင့်,

" ကျွန်တော်က နောက်ထပ် နှစ်လသုံးလလောက် နေရဦးမှာ"

ချက်ခြင်း ဆိုသလိုပဲစကားအကြောင်းအရာကို အမြန်ပြောင်းလဲလိုက်တယ်၊

" ဒါနဲ့စကားမစပ်,ပါးအိမ်မှာမရှိဘူးလား?"

"လွန်ခဲ့တဲ့ နှစ်ရက်က သူနဲ့ဖုန်းပြောပြီး USဘက်က ဌာန တစ်ခုမှာပြသနာရှိလို့တဲ့
နိုင်ငံခြားကိုအမြန်သွားတယ်"

" ဘာပြသနာရှိလို့လဲ? ဘာလို့ ပါးက
ကျွန်တော့်ကို မပြောတာလဲ?"

ဤသို့ သောအကြောင်းတရားများစွာကြောင့်(Complete)(Not Seen Next Life S(S2)✅✅✅✅Where stories live. Discover now