..[ U ]
ထိုညအိပ်မပျော်နိုင်ခြင်းကြောင့်ရှလျန်
တစ်ယောက်နောက်တနေ့ မနက် ဆယ်နာရီ
ထိ အိပ်ပျော်နေခဲ့တယ်။ကျုန်းရှို့တစ်ယောက်ထွက်ခွာသွားပြီးနောက်
ကျုန်းရှို့ထားခဲ့တဲ့စာတိုလေးအားဗီရိုလေးပေါ်တွင် တွေ့လိုက်ရတယ်၊ ဒီနေ့နံနက်ပိုင်း သောက်ရန် နွားနို့လေးကျိုထားပေးခဲ့ကြောင်း၊ပူတုန်းလေးသောက်ဖို့မမေ့ရန်နှင့်
အစားကို အချိန်မှန်စားရန်၊ အားသွင်းတဲ့
အချိိန် ဖုန်းပိတ်ထားဖို့မမေ့ရန် နှင့် တစ်ခုခုမသက်မသာဖြစ်တာမျိုးရှိပါကဒေါက်တာဝမ်ကို အမြန်ဆုံးဆက်သွယ်ဖို့ ပြောခဲ့တယ်။ရှလျန် စာရွက်လေးထဲမှသေသပ်တဲ့ လက်ရေး စာလေးတွေကို ကြည့်ရင်း
အိပ်ရာပေါ်တွင် လဲလျောင်းပြီးစာရေးနေတဲ့ အရပ်ရှည်ရှည် အမျိုးသားလေး တစ်ယောက်ရဲ့ ပုံစံလေးက သူ့အတွေးတွေထဲ ပေါ်လာတယ်၊ ရှလျန်ရဲ့ နှုတ်ခမ်းထောင့်လေးတွေ
အလိုအလျောက်ပင် ကော့တက်သွားမိတယ်။လွန်ခဲ့တဲ့ လအနည်းငယ်လောက်က ,
ကျုန်းရှို့ကရှလျန်အားခုလိုလေးတွေကို ပြုလုပ်ဖို့ ညွှန်ကြားခဲ့ သော်လည်းယခုတော့
ကျုန်းရှို့က သူ့ကို မဖြစ်မနေပြုလုပ်စေဖို့
ပြောလာတယ်၊ ခုလိုအနေအထားလေးရဲ့
ခံစားချက်လေးကကြည်နူးနွေးထွေးတယ်
လို့သူခံစားရတယ်။ထိုအခိုက်အတန့်လေးမှာ သူကျုန်းရှို့ဆီ
ဖုန်းခေါ်ချင်ပြီး တဖက်လူရဲ့ အသံလေးကို နားထောင်ချင်လာတယ်၊ဒါပေမယ့် သူ့ အတွေးတွေကို အလျင်အမြန်ပဲ ဖယ်ရှားလိုက်တယ်၊ ကျုန်းရှို့ က ခုချိန်ဆို လေယာဥ် ပေါ်မှာသာရှိနိုင်လောက်သေးတယ်၊ အခြားတစ်ဖက်တွင်လည်းသူ လုပ်နေတဲ့ လုပ်ရပ်တွေကမမှန်ကန် ကြောင်းမသိစိတ်ဖြင့်တွေး နေမိတယ်။ ဘာတွေမှားယွင်းနေလဲဆိုတာကိုတော့နက်နက်ရှိုင်းရှိုင်းသူမတွေးချင်ဘူး။နွားနို့ သောက်ပြီးတဲ့နောက်, ဝမ်ပင်က ပုံမှန်အတိုင်း ကြည့်ရှုဖို့ရောက်လာပေးတယ်၊
ကျုန်းရှိူ့ရဲ့လွှမ်းမိုးမှု ကြောင့် ဝမ်ပင်တောင်ချက်ခြင်းဆိုသလို ချက်ပြုတ်ရေးရာကိုဝါသနာပါသွားတယ်၊ရှလျန်ကို ပြုစုစောင့်ရှောက်ရင်းCooking Appမှ အချက်အပြုတ်ကို သင်ယူရန်လိုအပ်တဲ့ ပစ္စည်းတွေကိုပါဝယ်ယူလာခဲ့တယ်။
YOU ARE READING
ဤသို့ သောအကြောင်းတရားများစွာကြောင့်(Complete)(Not Seen Next Life S(S2)✅✅✅✅
Romansaနောင်ဘ၀မင်းနဲ့မဆုံချင်တော့ဘူး၏ ဘာသာပြန် (အတွဲ၂)လေးပါ cover photo...credit pinterest