.[ U ]
ထိုနေ့နံနက်၌ လီမော် မနက်စာစားပြီးနောက်
ဒုတိယထပ်လသာဆောင်တွင်အိုက်တင်ကျင့်နေတဲ့ ကျိချင်ရဲ့အသံကို ဖျက်ကနဲပင်သူကြားလိုက်ရတယ်။လီမော်မနေ့ညက အိပ်ရာမဝင်မီ ကျိချင် အကြောင်းတွေကို အင်တာနက်ပေါ်၌ အလျင်အမြန် ရှာဖွေခဲ့သေးတယ်၊ကျိချင် နောက်ဆုံး ရိုက်ခဲ့တဲ့ရုပ်ရှင်ကားရဲ့ နှစ်ပိုင်းလောက်မျှ သူကြည့်ပြီးနောက်ထိုသူက
သရုပ်ဆောင်ပိုင်း၌ အထူးကောင်းမွန်တာကို တွေ့ခဲ့ရတယ်၊တီဗွီစီးရီးမှာလည်း သူ့ရဲ့ မူရင်း
အသံကိုသာအသုံးပြုထားတယ်၊ကျိချင်က
တကယ့်ကို လေ့ကျင့်သင်ကြားပေးခြင်းခံခဲ့
ရသူဖြစ်လောက်တယ်။မနက်စောစော ဇာတ်ဝင်စကားတွေကို လေ့ကျင့်နေတဲ့ ကျိချင်ကို မြင်လိုက်ရတဲ့အခါ
ထို လူငယ်လေး အပေါ် ထားတဲ့ သူ့ရဲ့ အမြင်တွေကို ပြောင်းလဲ ပစ်ဖို့ရာ မတတ်နိုင်ခဲ့ဘူး။လီမော်က ကျိချင်ထံသွား၍မနှောင့်ယှက်တော့ပဲ ,WeChatမက်ဆေ့တစ်စောင်သာ
ပေးပို့ပြီးမနက်စာအဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်းနှင့်အောက်ထပ်သို့ဆင်းလာလို့
ရပြီဖြစ်ကြောင်း ပြောလိုက်တယ်။စက္ကန့်အနည်းငယ်အကြာတွင်, ကျိချင် အောက်သို့ ပြေးဆင်းလာပြီးပေါင်မုန့် တစ်ခုကို ကောက်ယူပြီး ပါးစပ်ထဲထည့်လိုက်တယ်၊
ထို့နောက် ပလုတ်ပလောင်းသံ ဖြင့် ပြောလာတယ်။'မော်ကော , ကျွန်တော်ပြောဖူးသလိုပဲ
ကောရဲ့လက်ရာက တကယ်ကောင်းတယ်,
နောက်ပိုင်းသရုပ်ဆောင် လုပ်ရင်းစားသောက်ဆိုင်ဖွင့်ရင်တောင် အောင်မြင်မှာ
ကျိန်းသေတယ်"ရွေ့လျားနေတဲ့ လီမော်ရဲ့ လက်တွေရပ်တန့်သွားပြီးနောက် ,
"ငါသရုပ်ဆောင် တစ်ယောက်မှန်း
မင်းဘယ်လို သိတာလဲ ?""အာ...မစ္စတာရှက မနေ့ညက ကျွန်တော့်ကို
ပြောပြတာလေ,...ပြီးတော့..."သူရုတ်တရက်ပြောလက်စမှတခြား အကြောင်းအရာကိုပြောင်းလိုက်တယ်။
'မော်ကော, ဒီနေ့ ကျွန်တော်နဲ့ အတူ
auditionကို လိုက်ခဲ့ပါလား ?"လီမော် အံ့သြနေတယ်,
YOU ARE READING
ဤသို့ သောအကြောင်းတရားများစွာကြောင့်(Complete)(Not Seen Next Life S(S2)✅✅✅✅
Romanceနောင်ဘ၀မင်းနဲ့မဆုံချင်တော့ဘူး၏ ဘာသာပြန် (အတွဲ၂)လေးပါ cover photo...credit pinterest