...[ U ]
ရှလျန် တည်ငြိမ်အောင်ကြိုးစားရင်း
အိပ်မက်ဆိုးကြောင့် တုန်ယင်နေတဲ့ နှလုံးခုန်သံအား အပြင်းအထန်ထိနှိပ်ကာဖုန်းပြန်ဖြေလိုက်တယ်။"ရှလျန် "
ပါပါးရှ၏အသံကို ရွှင်မြူးစွာပင်ကြားလိုက်ရတယ်၊
" အမေရိကန် ဌာနခွဲက ပြဿနာတွေအကုန်ပြေလည်သွားပြီ, အကြွေး ကိစ္စတွေလည်း
အကုန်အဆင်ပြေသွားပြီ""တကယ်လား?"
ရှလျန်က ရလာဒ်က်ိုကြိုသိထားပေမယ့်
ပူးပေါင်း၍ ပျော်ရွှင် ပေးလိုက်တယ်။" ဒါဆို ကောင်းတာပေါ့ ပါး"
သို့သော်, ပါပါးရှ၏အသံက အနည်းငယ်စိုးရိမ်နေဆဲ ရှိနေတယ်။
" ဌာနခွဲကနေ ငါကြားလာရတာတော့ငါတို့ကို တိတ်တဆိတ်ကူညီပေးတာက နယ်လ်ဆင်မိသားစုက လို့ ပြောတယ်...ရှောင်လျန်..ငါ့ကို
အမှန်အတိုင်းပြောစမ်းပါ..မင်း နယ်လ်ဆင်မိသားစုက တစ်ယောက်ယောက်နဲ့များ ပတ်သက်..."ပါပါးရှက စကားကို ဆုံးအောင်အပြောပဲ
တဝက်တပျက်မှာတင်ရပ်သွားတယ်။ပါပါးရှ၏စိုးရိမ်မှုအား ရှလျန်နားလည်မိတာမို့ ပေါ့ပေါ့ပါးပါးပင်ဟန်ဆောင်ပြီး,
" ကျွန်တော်သူတို့ မိသားစုထဲက လူတွေနဲ့ အဆက်အသွယ်ရှိပေမယ့် အရမ်း နက်နက်နဲနဲ ရှိတာမျိုးတော့ မဟုတ်ဘူး၊ တဘက်လူကလည်း သဘောရိုးနဲ့ ကူညီပေးတာပဲ ဖြစ်နိုင်လောက်ပါတယ်"
"လောကမှာဘယ်အရာမှအလကားမရဘူး"
ပါပါးရှက ဆက်ပြောလာတယ်,
" သူတပါးက ကူညီပေးတယ်ဆိုရင်တောင်,
အကြောင်းပြချက်မရှိဘဲ မင်းကို ခုလိုမျိုး
မျက်နှာသာပေးမှာမဟုတ်ဘူး"ပါပါးရှ ခဏမျှတိတ်ဆိတ်နေပြီးမှသွေးတိုးစမ်းတဲ့ သဘောဖြင့် မေးလာတယ်။
" ရှောင်လျန်, မင်း မညီမျှတဲ့ အပေးအယူတွေမှာကတိခံတာမျိုးတွေတော့ မရှိဘူးမလား?"
'ဘာလို့လဲ?"
ရှလျန် ရယ်မောလိုက်မိတယ်။
"ကျွန်တော် မှာ အတွေးရှိပါတယ်, မစိုးရိမ်နဲ့,
တကယ်လို့ အမေရိကန်မှာ ပြဿနာကြီးကြီး မားမား မရှိတော့ဘူးဆိုရင်, ပါး စောစော ပြန်လာလိုက်တော့, ဖွားက ပါးကို အရမ်းလွမ်းနေတယ်"
YOU ARE READING
ဤသို့ သောအကြောင်းတရားများစွာကြောင့်(Complete)(Not Seen Next Life S(S2)✅✅✅✅
Romantizmနောင်ဘ၀မင်းနဲ့မဆုံချင်တော့ဘူး၏ ဘာသာပြန် (အတွဲ၂)လေးပါ cover photo...credit pinterest