EP27(U&Z)

1.2K 114 0
                                    

..[ U ]

ကျုန်းရှိူ့ တစ်ယောက်လက်ဖက်ရည်ပူပူလေး တခွက်နှင့် ဧည့်ခန်းထဲသို့ ပြန်ရောက်လာတဲ့အခါ, ရှလျန်က ဆိုဖာပေါ်တွင်လဲလျောင်းပြီး
မျက်နှာကျက်အား မမှိတ်မသုန်ငေးကြည့်နေတာကို သူတွေ့လိုက်ရတယ်။

မှိန်ဖျော့သော ညအလင်းရောင်အောက်
ရှလျန်ရဲ့ မျက်ဝန်းတွေမှ ကြယ်ရောင်အစုအဝေးကိုသာ သူမမြင်တွေ့ရပါက
ရှလျန် အိပ်ပျော်သွားပြီဟုသူယုံကြည်မိ
လိမ့်မည်ပင်။

ရှလျန်က မမှိတ်မသုန် စိုက်ကြည့်နေတာမို့
သူ့ကိုတော့အနည်းငယ်ထူးဆန်းနေစေတယ်၊ကျုန်းရှိူ့ ရှလျန် အနီးသို့ဖွဖွလေး လျှောက်လာပြီး စားပွဲပုလေးပေါ် လက်ဖက်ရည်ခွက်လေးကိုချပြီးနောက် ဒူးထောက်လိုက်တယ်။

လျန်ရှန် အနီးသို့ တိုးကပ်ပြီး တိုးတိုးလေး
မေးလိုက်တယ်၊

"လျန်ကော,ကော အရည်တစ်ခုခု လောက်သောက်ချင်လား ?"

ခဏအကြာ,ရှလျန် ရုတ်တရက်သတိဝင်လာပြီး မျက်လုံးတွေကို နိမ့်ဆင်းလာစေလျက်
ကျုန်းရှိူ့အား ယောင်ဝါးဝါးဖြင့်ဘေးတိုက်
လှည့်ကြည့်လာတယ်။

ကျုန်းရှိူ့ ထပ်မေးမိလိုက်တယ်၊

" လျန်ကော,အရည်လေး တစ်ခုခုသောက်မလား?"

ရှလျန်ခုထိ သူ့ကို ပြန်ဖြေမလာခဲ့ဘူး။

ရှလျန် ဆိုဖာပေါ် ဖြေးညှင်းစွာထထိုင်ပြီး
အချိန် အတော်ကြာသည်အထိခေါင်းငုံ့နေရာမှရုတ်တရက် ပြောလာတယ်၊

" သန္ဓေသားကို မသိအောင်ဖယ်ထုတ်လို့ရ
မယ့် နည်းလမ်း ရှိလား?"

"ဘယ်လို ?"

ကျုန်းရှိူ့ တကယ်နားမလည်လိုက်ဘူး။

"ငါပြောတာက..."

ရှလျန် စိတ်ရှည်လက်ရှည်ပင် စကားတခွန်းပြောလာတယ်၊

" အကယ်၍ ငါ့မှာကလေးရှိနေခဲ့ရင်...ဘယ်သူ့ကိုမှ အနှောင့်အယှက်မပေးဘဲ ဖယ်ရှားလို့ရမည့်နည်းလမ်းတစ်ခုလောက်များရှိနိုင်မလား?"

ရှလျန် ပြောတဲ့စကားကိုကျုန်းရှိူ့ နားလည်နိုင်ရန်အတွက်တခဏမျှအချိန်ယူရုန်းကန်နေခဲ့ရတယ်၊ရှလျန်ရဲ့ ဝမ်းဗိုက်အောက်ခြေဆီသို့ အံ့အားသင့်စွာဖြင့် စိုက်ကြည့်မိနေရင်း,

ဤသို့ သောအကြောင်းတရားများစွာကြောင့်(Complete)(Not Seen Next Life S(S2)✅✅✅✅Where stories live. Discover now