( U )
ကျိချင်ရဲ့ auditionလုပ်တဲ့ ဇာတ်ကားက
'ဆောင်းဦးသို့လွမ်းဆွတ်ခြင်း'အမည်ရတယ်၊ဒါရိုက်တာက သူ့ကို အဓိက အမျိုးသားဇာတ်ဆောင်နေရာအတွက်လူရွေးပွဲဝင်စေလိုခြင်းပင်။ဒါပေမယ့် auditionအားပြင်ပလူတွေပါ
ခေါ်ယူလိုက်တာမို့ လူအတော်များများက
လာရောက်ကာ စာရင်းသွင်းဖြေဆို ကြတယ်။
မျှမျှတတဖြစ်ရန်အလို့ငှာ , ဒါရိုက်တာက
ကျိချင်အား အနောက်တံခါးကနေ တောင်
မဝင်စေဘဲ လူမြင်ကွင်းကနေသာ လာရောက်ယှဥ်ပြိုင်စေတယ်၊ ကျိချင်လည်း, ဒါရိုက်တာဆီ တိုက်ရိုက်မသွားဘဲလီမော်ကို ခေါ်လာပြီး
အများသူငါနည်းတူအလှည့်ကျ တန်းစီပြီး
စောင့်ဆိုင်းနေခဲ့တယ်။စောင့်ဆိုင်းရချိန်က အရမ်းကြာတယ်၊ စစ်ဆေးမှုတွင်ပါဝင်တဲ့အနုပညာရှင်များစွာ က သူတို့ဝင်ရောက်ရွေးချယ်ခံရမယ့် အခန်း ကဏ္ဍအတွက် စကားပြောတွေ ကို အလွတ်ကျက်နေကြချိန် ကျိချင်ကတော့
ဖုန်းတလုံးနဲ့ ဂိမ်းကစားနေတယ်၊ သူ့အစား
ဘေးက ပါလာတဲ့ လီမော်တောင် အနည်းငယ် စိုးရိမ်လာတယ်။'မင်း ဇာတ်လမ်းအကြောင်းလေးပါလေး
အရင်ကြည့်ထားဖို့ မလိုဘူးလား ?""မလိုဘူး..ကျွန်တော်က ချက်ခြင်းလုပ်ရ
တာကိုပဲပို ကြိုက်တယ်'ကျိချင်က သူ့ဖုန်းလေးကို ပြလာတယ်။
'ဒီမှာ...ဒါက ဝတ္ထုလေ...ကောအတွက်
ဖတ်လို့ရအောင် အကောင့်တစ်ခုလုပ်ထားပြီးပြီ,ကော အရင်ဖတ်ကြည့်ပါလား ?"လီမော်အနည်းငယ်မှင်သက်နေတယ်။
'Auditionဝင်မှာက ငါမဟုတ်ဘူးလေ,
မင်းကငါ့ကို ဒီ ဝတ္ထုကိုဖတ်ပြီးဘာလုပ်စေချင်တာ လဲ ?"'ကျွန်တော်တို့ ဒီကိုတောင်ရောက်နေပြီလေ...
ကော ...ဘာလို့ တခါလောက် မကြိုးစား
ကြည့်တာလဲ? "ကျိချင်က သူ့ကို မျက်လုံးမှိတ်ပြတယ်၊
"မူရင်း ဝတ္ထုကို အရင်ကြည့်ပြီးမှကောစိတ်ဝင်စားတဲ့ ဇာတ်ကောင်နေရာကို
တချက် ကြည့်ကြည့်လေ"လီမော်က ပြုံးပြလာတယ်,
"အကယ်၍ ကိုယ်စိတ်ဝင်စားတဲ့ roleတစ်ခု
ရှိတယ်ဆိုရင်,ကြိုးစားကြည့်လို့ရ လား?"
YOU ARE READING
ဤသို့ သောအကြောင်းတရားများစွာကြောင့်(Complete)(Not Seen Next Life S(S2)✅✅✅✅
Romansaနောင်ဘ၀မင်းနဲ့မဆုံချင်တော့ဘူး၏ ဘာသာပြန် (အတွဲ၂)လေးပါ cover photo...credit pinterest