..[ U ]
ကျုန်းရှို့တစ်ယောက်ရိုလာကိုစတာစီးနေသလိုခံစားနေရတယ်။
မဟုတ်ဘူး...အဲ့ဒါကရိုလာကိုစတာထက်တောင် ပိုဆိုးတယ်၊အဆုတ်တွေအသည်း
တွေတောင်အန််ထွက်မတတ်ဘဲ၊ဒါပေမယ့်
သူကခံနိုင်ရည်ရှိအောင်ကြိုးစားပြီးမအန်မိအောင်နေတယ်၊သူ့ရဲ့အားအင်ကြီးမားမှုက
သူ့ ကိုယ်သူမမူးဝေအောင်ထိန်းထားနိုင်တယ်။ထို့နောက် တဖြေးဖြေး ရှင်းရှင်းလင်းလင်းပင် ပြန်သတိဝင်လာကြောင်း ခံစားလိုက်ရပြီး
သူ့ ခန္ဓာကိုယ်နဲ့ စိတ်နှစ်ခုလုံးအရင်အခြေအနေဆီသို့ ပြန်လည်ရောက်ရှိသွားခဲ့တယ်။ ရိုလာကိုစတာလည်းမရှိတော့သလို
လှည့်ပတ်နေတာမျိုးလည်းမရှိဘဲသူ့ စိတ်
တွေသာဖရိုဖရဲ ဖြစ်နေတယ်။သူ့ကို အေးစက်နေတဲ့ခွဲစိတ်ခန်းခုတင်ပေါ်မှာ ချည်ထားတယ်၊ရွေရောင်မှန်မျက်ကိုင်းကို တပ်ဆင်ထားတဲ့ အရပ်ပုပုလူကသူ့ကို အသေအချာ ကြည့်နေတယ်၊ကျုန်းရှို့မျက်လုံးတွေ ဖွင့်လာတဲ့အခါ,ထိုသူက
ထေ့ထေ့လေး ပြုံးလာတယ်။"ဟယ်လို...မစ္စတာကျိုး"
ကျုန်းရှို့ သူ့ကိုမတုံ့ပြန်နိုင်ဘူး၊သူသတိမလစ်ခင်က ဖြစ်ပျက်ခဲ့တာတွေကို ပြန်မှတ်မိနိုင်ဖို့ရာ ကြိုးစားနေလိုက်တယ်၊ အမှန်တကယ်တော့သူလေဆိပ်ထဲစဝင်ပြီဆိုကတည်းက
သူ့ကို ပစ်မှတ်ထားသလိုခံစားနေရတယ်။
အဲ့ဒီအချိန်ကလက်ရုံးရည်ကိုအားကိုးခဲ့ပေ
မယ့်တဖက်လူကလက်ရုံးရည်ကိုမသုံးဘဲ
မေ့ဆေး အပ်ကိုတိုက်ရိုက်သုံးလာလိမ့်မယ်လို့ သူလုံးဝမျှော်လင့်မထားမိဘူး၊ယခုတော့
သူက ဘာကြောင့်မှန်းမသိနိုင်လျက်ခွဲစိတ်ခုတင်ပေါ်မှာ ထိန်းချုပ်ခံထားရတယ်။ကျုန်းရှို့က ရန်သူတွေရဲ့သဘောထားကို
နားမလည်ပေမယ့် သူ့ရှေ့မှလူကအနည်းငယ်ထူးခြားပုံရတယ်။သူက အသက်ပြင်းပြင်းတချက်ရှုရင်းပွင့်ပွင့်လင်းလင်းပဲ မေးလိုက်တယ်။
" မင်းက အိုမီဂါလား?"
ထိုလူပုလေးကတခဏမျှဆွံ့အနေပြီးမှပြုံးပြလာပေမယ့်ထိုသူ့အပြုံးကအပေါ်ယံမျှသာ ရှိတယ်။
YOU ARE READING
ဤသို့ သောအကြောင်းတရားများစွာကြောင့်(Complete)(Not Seen Next Life S(S2)✅✅✅✅
Lãng mạnနောင်ဘ၀မင်းနဲ့မဆုံချင်တော့ဘူး၏ ဘာသာပြန် (အတွဲ၂)လေးပါ cover photo...credit pinterest