..[ U ]
လက်ထောက်ရုံးခန်းဆီမှထွက်သွားချ်ိန်
သူ့နောက်မှလိုက်လာတဲ့ကုလီရွှမ်းကသူ့ကို တိုက်မိပြီးဓာတ်ပုံအိတ်ပြုတ်ကျကာဓာတ်ပုံများကြမ်းပြင်ပေါ် ပြန်ကြဲသွားတယ် ။"တောင်းပန်ပါတယ်"
ကုလီရွှမ်း တောင်းပန်စကားဆိုပြီးနောက်
ဒူးထောက်ထိုင်ချ၍ ဓာတ်ပုံတွေကို ကောက်ယူလိုက်တယ်။လက်ထောက်သည်လည်း ကုလီရွှမ်း ရဲ့ စာချုပ်ဖျက်သိမ်းမှု အတွက် စိတ်မကောင်းဖြစ်နေခဲ့ရတယ်၊ကုလီရွှမ်းရဲ့ စိတ်ပျက်အားငယ်နေတဲ့ အနေအထားကြောင့် များစွာ
စိတ်မကောင်းဖြစ်မိရင်း ပခုံးပေါ်လက်တင်ကာကျေးဇူးစကားဆိုလိုက်မိတယ်။ကုလီရွှမ်းက သူ့ကို စကားဖြတ်ပြီး မေးလာတယ်၊
"ပန်ကော, ကျွန်တော်ဒီတိုင်း သိချင်လို့
မေးကြည့်တာပါ, ဥက္ကဋ္ဌရင်နဲ့ ရှလျန်...
သူတို့ တွေ့ပြီးကြပြီလား?""အိုး ....ဒါကဒီလို တွေရှိတယ်"
ဒီအဖြစ်အပျက်က ကုလီရွှမ်းကြောင့်ဖြစ်ရတာလို့ လက်ထောက်ကစဥ်းစားမိတာမို့
မကြာသေးမီကဖြစ်ပျက်ခဲ့တာတွေကို
အတိုချုံးပြောပြလိုက်မိတယ်။အဖြစ်အပျက်အစုံကို ကြားပြီးတဲ့နောက်
ကုလီရွှမ်း မှုန်ကုတ်သွားတယ်။" မစ္စတာရင်က သူ့ကို ဒီတိုင်းလွှတ်လိုက်တာလား?"
"အင်း"
လက်ထောက်သက်ပြင်းချလိုက် တယ်၊
"ပါးစပ်ဟတိုင်း ပန်းပွင့်နိုင်စွမ်းရှိတဲ့ရှလျန်
က သူဌေးကို အမှန်အကန် စိတ်လှုပ်ရှားစေတယ်,ငါတောင်နည်းနည်းထူးဆန်းတယ်လို့
ထင်မိတယ်"ကုလီရွှမ်း မျက်လုံးလေးတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီးနောက်မေးလာတယ်။
" ပန်ကော, ဒါက ရှလျန်အတွက် တော့အမြဲတမ်း မဖြစ်လောက်ဘူးမလား"
သူ့ရှေ့ရှိလူက သူဌေးရဲ့ အရင် ချစ်သူဖြစ်ပြီး
သူဌေးရဲ့အချစ်အသစ်ကလည်း သိပ်အဆင်မပြေတာကို သဘောပေါက်မိတာမို့
အ ကြောင်း အရာကိုအလျင်အမြန်ပဲ
ပိတ်ပင်လိုက်တယ်။
YOU ARE READING
ဤသို့ သောအကြောင်းတရားများစွာကြောင့်(Complete)(Not Seen Next Life S(S2)✅✅✅✅
Roman d'amourနောင်ဘ၀မင်းနဲ့မဆုံချင်တော့ဘူး၏ ဘာသာပြန် (အတွဲ၂)လေးပါ cover photo...credit pinterest