..နှစ်နာရီမျှကြာပြီးတဲ့နောက်,ကျုန်းရှိူ့ အခန်းထဲသို့ ပြန်ရောက်တဲ့အခါ,ရှလျန်က သက်တောင့် သက်သာဖြစ်နေသည့်တိုင်လီမော်ကတော့ မူးနေပြီဖြစ်ကာမျက်နှာ တစ်ခုလုံးနီမြန်းနေလျက် စားပွဲပေါ်မှာ မှောက်နေပြီ။
ကျုန်းရှိူ့ ဝင်လာတာကို ရှလျန်မြင်တဲ့အခါ,
နောက်ကျနေပြီမို့ လီမော်ကို တွန်းကာအသံတိုးတိုးဖြင့် ပြောလိုက်တယ်။"မင်းဘယ်မှာနေလဲ ? ငါမင်းကို ပြန်လိုက်ပို့ ပေးမယ် "
လီမော်က နီမြန်းနေတဲ့ မျက်လုံးတွေနဲ့ ရှလျန်ကို မော့ကြည့်လာပြီး ရှလျန်ဘာပြောတာလဲဆိုတာကို နားမလည်ပုံရတယ်။
ရှလျန်က ခုနစကားကိုဘဲ ထပ်ခါတလဲလဲ ပြောလာတယ်၊လီမော်က ခဏမျှစဥ်းစားပြီး
သူသဘောပေါက်သွားတယ်။"ငါ့မိသားစုကတရုတ်ပြည်မှာ..ငါကလည်း
တရုတ်လူမျိုး...ငါတရုတ်ကို ပြန်လာတယ်"ရှလျန်:"......"
ဒီကောင်က သူ့နိုင်ငံခြားမှာဘဲရှိနေသေးတယ်ထင်တာလား ?
ချွမ်းယွမ်းလမ်းတွင် အိမ်ငှားထားတယ်ဆိုတာကို လီမော်ပြောသည်အားသူကြားဖူးပေ
မယ့် လိပ်စာအတိအကျကိုတော့ သူမသိဘူး၊
သူက ဘာမှထပ်မမေးတော့ဘဲ ကျုန်းရှို့ကိုသာ လီမော်ကို ကားပေါ်တင်ရန် ကူညီခိုင်းပြီး သူ့ဗီလာဆီသို့ တိုက်ရိုက်သာမောင်းသွားလိုက်တယ်။ဗီလာက အချိန်အတော်ကြာ
ဒီတိုင်း ပင်ထားခဲ့သော်လည်း အချိန်မရွေး
သူနေလိုက အဆင်ပြေစေရန်သန့်ရှင်းရေးတော့ လုပ်ခိုင်း ထားလေ့ရှိတယ်။သူကလီမော်ကို ထို အိမ်၌ ထားခဲ့ပြီးNoteတစ်ခုထားခဲ့လိုက်တယ်၊ပြီးနောက် ကျုန်းရှို့ နဲ့
အတူ ရှအိမ်သို့ ပြန်လာလိုက်တယ်။သို့သော် သူတို့အိမ်ကလည်း လူမရှိနေခဲ့။"သူတို့ ဘယ်သွားကြလဲ ?"
ရှလျန် မည်းမှောင်နေတဲ့ အိမ်ထဲသို့ တချက်ကြည့်ပြီး ကျုန်းရှိူ့ကို လှည့်မေးလိုက်တယ်။
ကျုန်းရှိူ့က သူ့ကို အထူးတဆန်းပင်ကြည့်လာတယ်။
"သခင်လေး မမှတ်မိဘူးလား ...သူတို့
လင်ကောနဲ့ အတူ ဟော်လန်ကိုသွား
ကြတယ်လေ"
YOU ARE READING
ဤသို့ သောအကြောင်းတရားများစွာကြောင့်(Complete)(Not Seen Next Life S(S2)✅✅✅✅
Romanceနောင်ဘ၀မင်းနဲ့မဆုံချင်တော့ဘူး၏ ဘာသာပြန် (အတွဲ၂)လေးပါ cover photo...credit pinterest