[ U ]
ထိုညတွင် ရှလျန်က အိပ်ပျော် နေရင်း
ပုံရိပ်ယောင်တစ်ခုထဲကျရောက်သွားတာကို
ခံစားမိနေတယ်။ရှလျန်က အလင်းရောင်မှိန်ပျပျ ဖြစ်နေတဲ့
ရှအိမ်ဟောင်းကြီးထဲမှာရှိနေပြီးရှုပ်ပွနေတဲ့
အိပ်ခန်းထဲမှာ ရှိနေတယ်။ခုတင်ရှေ့တွင် ဒူးထောက်နေတဲ့အမျိုးသားက အရပ်မြင့်ပုံရနေပြီး ခေါင်းငုံ့လျက်နောင်တရနေဟန် ဆိတ် ဆိတ် နေခြင်းဖြင့်သာရှိနေတယ်၊ထို သူက တိတ်ဆိတ်နေသည့်တိုင်
ထိုသူထံမှလွှမ်းမိုးလာတဲ့ဖိနှိပ်မှုကသူ့အပေါ် သိသိသာသာ သက်ရောက်လာတာကို
ခံစားမိနေတယ်။ရှလျန် အနည်းငယ် အံ့အားသင့်နေတယ်၊
ငယ်စဥ်ကလေးဘဝမှ အရွယ်ရောက်ချိန်ထိ
သူ့အသွင်အပြင်နဲ့ စိတ်ဓာတ်ရေးရာကို
သူ့မွေးဖခင်တောင် ဖိနှိပ်ချုပ်ခြယ်မှု
မလုပ်နိုင်ခဲ့ဘူး။ထိူ့အပြင်သူရှေ့မှလူရဲ့ ပုံသဏ္ဌာန်ကိုသူအတော်လေးရင်းနှီးနေတယ်၊
"မင်းခေါင်းကိုမော့စမ်း"
ဒေါသတွေနဲ့ရောထွေးနေတဲ့သူ့အသံကိုသူပြန်ကြားနေရတယ်၊သူ့မှာ အဲ့လို အသံမျိုး လုံးဝ မရှိဘူး။
ထိုသူက ဖြေးဖြေးချင်းခေါင်းမော့လာချိန်,
သူ့ရှေ့မှမြင်ကွင်းက ရုတ်တရက် ပျောက်ကွယ်ပြီး အဆုံးအစမရှိသောအမှောင်ထုထဲသို့ နစ်မြုပ်သွားခဲ့တယ်။ရှလျန် မျက်လုံးတွေကိုဖြေးညှင်းစွာ
ဖွင့်လိုက်ပြီး အပေါ်မှမျက်နှာကျက်ကိုအချိန်အတော်ကြာ စိုက်ကြည့်မိနေရင်း ခုလက်ရှိ
၌သူကသူ့အိပ်ရာထဲ၌သာလဲလျောင်းနေဆဲ
ရှိတာကို သတိရမိတယ်။ထို သို့သောမြင်ကွင်းကို မြင်မက်သည်က
ခုတကြိမ်ဆို ဒုတိယအကြိမ်မြောက်ဖြစ်တယ်၊ဒီအိပ်ခန်းထဲမှာ ဒီခုတင်ပေါ်မှာ
သူ့ရှေ့မှလူနဲ့ပဲ ၊ပထမတကြိမ် မြင်မက်တုန်းကတော့ ပတ်ဝန်းကျင်က လူနဲ့ အရာတွေကို
မြင်နိုင်ပေမယ့် စိတ်နေစိတ်ထားကိုတော့
မခံစားမိနိုင်ခဲ့ဘူး။ခုတင်ရှေ့တွင် ဒူးထောက်နေသူကမည်သို့သော ပုံသဏ္ဌာန်ဖြစ်သည်ကို သူအတိအကျ
မမှတ်မိနိုင်ခဲ့ဘူး၊ထိုသူရဲ့အရပ်က အတော်လေး မြင့်မားတာကိုတော့ သူယောင်ဝါးဝါးသာ သတိရမိတယ်၊အခြား အချက်တွေကတော့ အကုန်မှုန်ဝါးနေခဲ့တယ်။
YOU ARE READING
ဤသို့ သောအကြောင်းတရားများစွာကြောင့်(Complete)(Not Seen Next Life S(S2)✅✅✅✅
Romanceနောင်ဘ၀မင်းနဲ့မဆုံချင်တော့ဘူး၏ ဘာသာပြန် (အတွဲ၂)လေးပါ cover photo...credit pinterest