[ U ]
နာရီဝက်အကြာတွင် ,ကုလီရွမ်း တစ်ယောက် အဝတ်လဲခန်းရှိဆိုဖာပေါ်၌မျက်လုံးစုံမှိတ်ရင်း ထိုင်နေမိတယ်။
လက်ထောက်တစ်ယောက်က အလျင်အမြန် ဝင်လာပြီး ကုလီရွမ်း ရဲ့ နားနားသို့ တိုးတိုးလေး ကပ်ပြောလာတယ်။
"ရွမ်းကော,. လီမော်က ဆောင်းဦးသို့လွမ်းဆွတ်ခြင်း ဆိုတဲ့ ဒရမ်မာအတွက် auditionလုပ်ဖို့ လာတယ်လို့ကျွန်တော်ကြားခဲ့ရတယ်, ဇာတ်ပို့ထဲက တစ်နေရာအတွက်လို့
ပြောတယ်, သူ့ဘေးက ကောင်လေးက
ကျိချင်တဲ့ , သူကတော့ အဓိက ဇာတ်ဆောင်
မင်းသားနေရာအတွက်သတ်မှတ်ထားတယ်လို့ ကြားတယ်"ကုလီရွှမ်းက မေးလိုက်တယ်,
"သူတို့နှစ်ယောက်ရဲ့ ပတ်သက်မှုကရော?"
"အဲ့ဒါက...ခုလောလောဆယ်တော့ ဘာမှန်း
မသိဘူး၊ ကျိချင်က လီမော်နဲ့ အရမ်း ရင်းနှီးတယ်လို့မကြားမိဘူး, လီမော်က နိုင်ငံခြား သွားတယ်,လေးနှစ်ကြာမှပြန်လာပြီး
ကျိချင်နဲ့ ဘယ်လို တွဲမိတာလဲ ဆိုတာကို
ကျွန်တော်လည်း မခန့်မှန်း တတ်ဘူး"ကုလီရွှမ်းက စကားဖြတ်မေးလိုက်တယ်,
"သူတို့ လူရွေးပွဲဝင်တဲ့ ဇာတ်ကားနာမည်က
ဘာလဲ ?""ဆောင်းဦးသို့ လွမ်းဆွတ်ခြင်း "
"အဲ့ဒါက ထုတ်လုပ်သူကိုယ်တိုင်ငါ့ဆီအရင်လာပြောတဲ့ တစ်ခု မလား ?"
"ဟုတ်တယ်, အဲ့ဒီတုန်းက အကယ်၍ သရုပ်ဆောင်မယ်ဆိုရင် အဓိက အမျိုးသားဇာတ်ဆောင်နေရာက သရုပ်ဆောင်ရမယ်လို့
လာကမ်းလှမ်း တယ်လေ,.ရွမ်းကောပဲ
မိန်းမ တစ်ယောက်ထဲကို ယောကျ်ားတွေအများကြီး ဝိုင်းကြိုက်တဲ့ဇာတ်မျိုး
မကြိုက်ဘူးလို့ ပြောခဲ့တယ်လေ""တဖက်ကဘာမှထပ်မပြောသေးဘူးမလား?"
"တဖက်က အရင်ဆုံး သူတို့များကံကောင်းမှု ရမလားလို့ လာမေးတဲ့သဘောပါ, ကျွန်တော်တို့ဘက်ကသာ ဘာမှမပြောသေးဘဲ ဒီတိုင်း
နှုတ်ဆိတ်နေတာ"ကုလီရွှမ်း မျက်လုံးတွေကို မှိတ်ထားပြီး
ခဏလောက်စဥ်းစားလိုက်တယ်," ထုတ်လုပ်သူဆီ ခုဖုန်းခေါ်....ငါ ရသလောက်အချိန်ညှိပေးမှာမို့ အမျိုးသား ဇာတ်ဆောင်နေရာကိုယူပေးမယ်လို့
ပြောလိုက်"
YOU ARE READING
ဤသို့ သောအကြောင်းတရားများစွာကြောင့်(Complete)(Not Seen Next Life S(S2)✅✅✅✅
عاطفيةနောင်ဘ၀မင်းနဲ့မဆုံချင်တော့ဘူး၏ ဘာသာပြန် (အတွဲ၂)လေးပါ cover photo...credit pinterest