..တံခါးခေါက်သံ နူးနူးညံ့ညံ့လေး ကို ကြားလိုက်ရတယ်၊ကီမိုနိုဝတ်စုံနဲ့ စားပွဲထိုးတစ်ယောက်က သူတို့နှစ်ယောက်အတွက်
လိုအပ်တာ လုပ်ပေးဖို့ ဝင်လာတယ်၊သူမရဲ့
ကျွမ်းကျင်တဲ့ အပြုအမူတွေက ကောင်းစွာ
လေ့ကျင့်သင်ယူထားသူမှန်း သိသာစေတယ်။
စားပွဲထိုးရဲ့ ခန္ဓာကိုယ်ပေါ်မှ ရေမွှေးနံ့က အနည်းငယ်စူးရှလွန်းနေတယ်၊သူမ ရှလျန်ရှေ့ ဖြတ်သွားတဲ့အချိန် ရှလျန် မျက်မှောင်
ကြုတ်ပြီး ကြည့်လိုက်တယ်။
စားပွဲထိုးထွက်သွားပြီးတဲ့နောက် ရှလျန်
ရုတ်တရက်ပြောလိုက်တယ်။
'လီမော်, မင်းရေမွှေးနံ့ရလား ?"
လီမော်က အံ့သြရုံမှလွဲပြီး ဘာမှဂရုစိုက်မိ
ပုံမရဘူး။
"ခုနကတော့အနံ့ဖျော့ဖျော့ လေးရတယ် ,
ခုန စားပွဲထိုးလေး ဆီကထင်တယ်"
"အခုရော "
"အခုလား ?"
လီမော်က အသက်တချက်ရှုလိုက်တယ်။
"ငါအခုတော့ ဘာနံ့မှမရဘူး"
ကျုန်းရှို့ရဲ့ နှာခေါင်းမှာ တကယ်ပြသနာရှိနေတယ်လို့ထင်မိတာမို့ သူထပ်ပြီး မမေးရဲတော့ဘူး၊ကျုန်းရှို့က သူ့အကျီက ရေမွှေးနံ့ရတယ်လို့ပြောတယ်၊ကျုန်းရှိူ့ ကောင်မလေးနဲ့သွားတွေ့တဲ့ အချိန် အဲ့ဒီက အနံ့က စွဲလာတာဖြစ်လောက်တယ်။
ရှလျန် ခဏမျှရပ်ပြီးနောက် ယခင်ခေါင်းစဥ်ကိုဘဲ ပြန်ပြောလိုက်တယ်။
"မင်းအခု တရုတ်ပြန်လာပြီး သရုပ်ဆောင်အလုပ်ကိုရော ဆက်လုပ်ဖို့ အစီအစဥ်ရှိသေးလား ?"
လီမော်က ဝိုင်ခွက်လေးကို ကိုင်လျက် လှည့်လိုက်တယ်။သူက ခဏမျှ တိတ်ဆိတ်နေပြီးမှ ပြောလာတယ်။
"လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ,ဒီလမ်းကြောင်းက ငါ့အတွက် တကယ်ရော သင့်တော်ရဲ့လားလို့ ကိုယ့်ကိုယ်ကို ပြန်မေးမိတယ်။ဒါပေမယ့်
ငါသရုပ်ဆောင်အလုပ်ကိုတော့ တကယ်ကြီး
လက်မလျော့ချင်ဘူး"
"ဒါဆို ဆက်လုပ်ပေါ့ "
ရှလျန်က ပြောလာတယ်။
YOU ARE READING
ဤသို့ သောအကြောင်းတရားများစွာကြောင့်(Complete)(Not Seen Next Life S(S2)✅✅✅✅
Любовные романыနောင်ဘ၀မင်းနဲ့မဆုံချင်တော့ဘူး၏ ဘာသာပြန် (အတွဲ၂)လေးပါ cover photo...credit pinterest
