..[ U ]
ရှလျန် အိပ်မက်ထဲသို့ တဖန်ပြည်လည်ကျရောက်သွားပြီ ဆိုတာကိုသိလိုက်ရပြီးထို အိပ်မက်က သူ့အား အနည်းငယ်စိတ်မသက်မသာဖြစ်စေတာမို့ အမြန်ဆုံး နိုးထချင်သည့်တိုင် နိုးထလို့မရနိုင်ချေဘူး။
"လျန်ကော...လျန်ကော?"
သူ့ အိပ်မက်ရဲ့ ပြင်ပကမ္ဘာဆီမှ တစ်စုံ တစ်ယောက်က သူ့ကို စိုးရိမ်တကြီးခေါ်နေတယ်။ ကျုန်းရှို့ အသံဆိုတာကိုသူသိနေပေမယ့် လက်ရှိအချိန်မှာတော့သူ့ပါးစပ်မှအသံမထွက်နိုင်လျက် ရှိနေတယ်။
နောက်ဆုံးသော စက္ကန့်ပိုင်းလေး အတွင်းမှာပဲ သူ့ ခန္ဓာကိုယ်တစ်ခုလုံးတုန်ယင်နေလျက်
မျက်လုံးတွေကို ဖွင့်နိုင်လာတယ်၊ကားပြတင်းမှန် အပြင်ဘက်ရဲ့ မှောင်မိုက်နေတဲ့ မြင်ကွင်းကိုတွေ့လိုက်ရမှအိမ်အပြန်လမ်းမှာရှိနေဆဲ
ဖြစ်တာကို ရုတ်တရက်ပြန်သတိရသွားမိတယ်။
ကျုန်းရှိူ့က ကားကို လမ်းဘေးတနေရာတွင် ရပ်ထားပြီး ရှလျန်အားစိုးရိမ်တကြီးဖြင့်
ကြည့်နေတယ်။
"လျန်ကော, ကော ဘာဖြစ်လို့လဲ ?
တခုခု အဆင်မပြေတာရှိလို့လား?"
ကျုန်းရှို့က မေးမြန်းရင်း ရှလျန်ရဲ့ နဖူးကို လက်ဖြင့် ထိကိုင်လာတယ်၊ရှလျန်တစ်ယောက်ချွေးစေးတွေဖြင့် အေးစက်နေရာမှ
တုံ့ပြန်မှုတစ်ခု အနေဖြင့် ရှောင်ရှားမိတယ်၊
ဆံဖျားတွေမှာတောင်ချွေးတွေစိုနေတာမို့
မျက်နှာမှာ ကပ်ငြိနေလျက်သူ့ ခန္ဓာကိုယ်လည်းနာကျင်မှုနှင့်အတူ ညိုးရော်လျက်
ဖျော့တော့နေတယ်။
"ငါခုနက..."
သူ့ ပါးစပ်ကို ဖွင့်လိုက်ချိန်လည်ချောင်းတွေပါ နာကျင်နေလျက်အသံတွေပါအက်ကွဲနေတာမို့စကားမပြောခင်ချောင်းအနည်းငယ်
ဟန့်လိုက်ရသေးတယ်၊
" ဘာဖြစ်တာလဲ?"
"ကော ခုနက အိပ်မက်ဆိုးတွေမက်နေပုံဘဲ"
ကျုန်းရှိူ့က ပြောလက်စစကားကို ခဏရပ်ပြီးနောက်မေးလာတယ်၊
" လျန်ကော, ကောနေမကောင်းဘူးလား?
ကောဒီနေ့သောက်တဲ့ ဝိုင်ပမာဏက ယခင်သောက်နေကျ ပမာဏရဲ့သုံးပုံတစ်ပုံထက်နည်း ပေမယ့် နှစ်ခွက်မှာပဲအန်ချပစ်လိုက်တယ်...ကော ဆေးရုံကိုသွားမလား ?"
YOU ARE READING
ဤသို့ သောအကြောင်းတရားများစွာကြောင့်(Complete)(Not Seen Next Life S(S2)✅✅✅✅
Romanceနောင်ဘ၀မင်းနဲ့မဆုံချင်တော့ဘူး၏ ဘာသာပြန် (အတွဲ၂)လေးပါ cover photo...credit pinterest
