ကျိချင်က ဒေါသတကြီးဖြင့်ပြောလာတယ်၊
" သူက ရူးနေတာလား?"
လီမော် ဘာမှဆက်ပြောမလာချိန် ကျိချင်က,
" မော်ကော, ကောက အရမ်းသည်းခံလွန်းတယ်၊ ပြန်ခုခံဖို့တခါမှမတွေးကြည့်ဘူးလား?"
"ငါစဥ်းစားကြည့်ဖူးတယ်.."
လီမော်က ပြောလက်စကားကို ခဏရပ်ပြီး
"ဒါပေမယ့် အမှန်တရားကခါးသီးလွန်းတယ်၊ငါဘက်က ဘယ်လိုပဲခုခံနေပါစေ,နောက်ခံအင်အားတောင့်တင်းသူတွေကသာအမြဲတမ်း အနိုင်ရလေ့ရှိတယ်၊ ငါဘာလုပ်နိုင်မှာလဲ?
ခါချဥ်တစ်ကောင်ကသစ်ပင်ကြီးကိုလှုပ်ခါနိုင်မှာတဲ့လား?"
"သစ်ပင်ကို မလှုပ်ခါနိုင်ရော ဘာဖြစ်လဲ?
ကျွန်တော်သာဆို ပြန်တော့ကိုက်...."
ကျိချင် စကားမဆုံးခင်မှာပဲ သူ့အေးဂျင့်က
ဖုန်းဆက်ပြီး မေးလာတယ်၊
" ကျိချင်,မင်း လောလောလတ်လတ်
ဘယ်သူနဲ့ ဘာဖြစ်ထားသေးလဲ?"
"ဘာဖြစ်လို့လဲ?"
ကျိချင် ချက်ခြင်းမတ်တပ်ထရပ်လိုက်မိတယ်၊အရေး ကြီး ကိစ္စမရှိရင်မနက်စောစော သူ့အေးဂျင့်က ဖုန်းဆက်လေ့မရှိဘူး။
အေးဂျင့်က ပြောလာတယ်..
" Weiboကို သွားကြည့်ဦး ..မင်းနာမည်
Hot searchထဲဝင်နေပြီ"
ကျိချင်Weiboဖွင့်လိုက်တဲ့အခါသူ့ နာမည်က
Hot searchရဲ့ တတိယနေရာမှာရှိနေတာကို
တွေ့လိုက်ရတယ်၊ပြသနာရဲ့အကြောင်းအရာကတော့ ကျိချင်နဲ့ ကုလီရွှမ်းတို့ အမျိုးသား ဇာတ်ဆောင်နေရာအတွက် ပြိုင်ဆိုင်ခြင်းဟု
ဖော်ပြထားတယ်၊
"...သူခိုးကပဲ တပြန်ကြီး သူခိုးပြန်ဖမ်းဖို့
အသံကောင်း ဟစ်နေတယ်"
ကျိချင် ငြီးတွားရင်း ကုလီရွှမ်းရဲ့စက်ဆုပ်ဖွယ်ရာ အကျင့်စရိုက်တွေကိုအမှန်တကယ်ပင် အံ့အားသင့်မိတယ်။ဆက်စပ် အကြောင်း အရာတွေကို နှိပ်ပြီး အကြမ်းဖျဉ်းအားဖြင့် ရှာဖွေလိုက်တယ်၊အများစုက 18lines သရုပ်ဆောင် အနေဖြင့် ကုလီရွှမ်းလို
ဧကရာဇ်ဖြင့်မယှဥ်သင့်ကြောင်းပြောဆိုနေကြတယ်။
YOU ARE READING
ဤသို့ သောအကြောင်းတရားများစွာကြောင့်(Complete)(Not Seen Next Life S(S2)✅✅✅✅
Любовные романыနောင်ဘ၀မင်းနဲ့မဆုံချင်တော့ဘူး၏ ဘာသာပြန် (အတွဲ၂)လေးပါ cover photo...credit pinterest
