..[U ]
လီမော် တစ်ယောက် ရိုက်ကူးရေး ပြီးစီးချိန်
အဝတ်လဲ ခန်း အပြင်ဘက်၌မတ်တပ်ရပ်နေသည့်အရပ်ဝတ်ကိုယ်ရံတော် နှစ်ဦးက သူ့အား တလေးတစားဖြင့် ခေါင်းညိတ်နှုတ်
ဆက်လာသည်ကို တွေ့လိုက်ရတယ်။လီမော် အပြုံးလေးဖြင့် အလျင်အမြန် အသိအမှတ်ပြုလိုက်တယ်၊သူရိုက်ကူးရေးစတင်ကတည်းက ထို သက်တော်စောင့်နှစ်ယောက်အား သူ့ကို ကာကွယ်ရန် ရှလျန်မှစေလွှတ်ခဲ့တာမို့ ရိုက်ကူးရေး နေရာ၌ ရှိနေခဲ့ ခြင်းပင်။
ရိုးရိုးသားသားပြောရရင် ရှလျန်၏အလွန်
အကျွံ ကာကွယ်ပေးလိုတဲ့ ဆန္ဒကို သူလုံးဝနားမလည်နိုင်ဘူး၊ထို အရာက သူ့အား ညှင်းပန်းနှိပ်စက်သလိုခံစားမိနေတယ်၊ရှလျန်က သူ့ အဘွားရဲ့ ထိန်းချုပ်မှုအောက်၌ နေလာခဲ့ရခြင်းကြောင့်လည်းဖြစ်နိုင်လိမ့်မယ်။လီမော်က နူးညံ့သိမ်မွေ့တဲ့ ကိုယ်ရည်ကိုယ်သွေးရှိသူမို့ အခြားသူများကို အသုံးမချတတ်သူဖြစ်သော်လည်း တဖက်လူတွေရဲ့ ကြင်နာမှုကိုတော့ တိုက်ရိုက်ငြင်းဆိုရန်ခက်ခဲလျက်ရှိနေတယ်။
လောလောဆယ်တော့, သူက ထို သက်တော်စောင့်နှစ်ယောက်အား သူတို့ အလုပ်ကို
နှောင့်ယှက်မှု မရှိစေဘဲ ယဥ်ကျေးစွာဖြင့် ခပ်လှမ်းလှမ်း မှာပဲ ထားလိုက်တယ်၊ရိုက်ကူးရေးစပြီး တလကျော်ကြာလာခဲ့ပြီးနောက် နှစ်ဘက်လုံးမှ အသိမိတ်ဆွေတွေကို ခေါင်းညိတ်ပြရင်း ကွဲကွာသည်မှာ ကြာပြီဖြစ်တဲ့ ဆက်ဆံရေး ကို ထိန်းသိမ်း ထားဆဲဖြစ်နေတယ်။လီမော် က သက်တော်စောင့်တွေကို ကျော်
ဖြတ်ပြီး အဝတ်လဲခန်းထဲသို့ ရောက်ရှိချိန် အထဲ၌ဘယ်သူမှမရှိတာကို တွေ့လိုက်ရ
တယ်။ကျိချင်က သူ့ထက်စောပြီး ရိုက်ကွင်းဆီ သွားရတယ်၊ရိုက်ကူးရေး ပြီးဆုံးပါက နှစ်ယောက်အတူ အနီးရှိ မုန့်ဆိုင်တစ်ခုခုမှာ အတူတူသွားစားကြဖို့လည်း အစီအစဥ် ချထားတယ်၊ကျိချင် သူ့ကို အဝတ်လဲခန်းမှာ စောင့်နေမယ်လို့
သူတွေးထားခဲ့ပေမယ့် မထင်မှတ်ဘဲ ကျိချင်သည်လည်းရှိမနေခဲ့ဘူး။ဒါကြောင့်မို့ တံခါးအပြင်ဘက်မှာရှိနေတဲ့ သက်တော်စောင့်တွေကို လှမ်းမေးလိုက်တယ်။
YOU ARE READING
ဤသို့ သောအကြောင်းတရားများစွာကြောင့်(Complete)(Not Seen Next Life S(S2)✅✅✅✅
Romanceနောင်ဘ၀မင်းနဲ့မဆုံချင်တော့ဘူး၏ ဘာသာပြန် (အတွဲ၂)လေးပါ cover photo...credit pinterest