EP22(U&Z)

1.1K 122 0
                                    

.[U ]

ကုလီရွှမ်းသည် ကျယ်ဝန်းသောဆိုဖာပေါ်တွင်လဲလျောင်းနေပြီး သူ့လက်ထောက်ပေးလာတဲ့ လက်ကိုင်ဖုန်းအား လက်ထဲတွင်ကိုင်ထားတယ်၊သူ့လက်ချောင်းထိပ်လေးတွေကဖုန်းကို ထိတွေ့ရွေ့လျားနေရင်းမျက်နှာကမူ အေးစက်နေတယ်၊

လက်ထောက်က စိုးရိမ်တကြီးဖြင့် သူ့ကို ပြောလာတယ်၊

" ရွှမ်းကော, ကျိချင်ကအရမ်း ပါးနပ်တယ်..."

လက်ထောက်စကားမဆုံးခင်မှာဘဲကုလီရွှမ်းက ဖုန်းကို ရုတ်တရက်ရိုက်ခွဲ လိုက်ပြီးစတင်၍ အော်ဟစ်လာတယ်၊

" Public auditionမှာ ငါကဇာတ်ဆောင်နေရာကို လုတယ်လို့ဆိုလိုချင်တာလား?
မင်းက သူ့ကို ဒါမှမဟုတ် ငါ့ကိုစော်ကားချင်တာလား?ဟမ် !?

လက်ထောက်က ထစ်ထစ်ငေါ့ငေါ့ဖြင့်,

"ရွှမ်း...ရွမ်းကော"

"ငါက သူ့ကို ပြဿနာရှာခိုင်းတာလေ,မင်းရဲ့
ရေတပ်ထဲငါ့ကို ပါဆွဲထည့်ဖို့ပြောလို့လား?
ဒီလောက်ကိစ္စသေးသေးလေးကိုတောင်
မင်းမလုပ်နိုင်ရအောင်မင်းခေါင်းကမြင်းကန်ခံရလို့လား ?"

သူ့ဘေးမှအေးဂျင့်ကသူ့ကိုချော့မော့ပြီး,

"ရှောင်ရွှမ်း, အရမ်း ဒေါသတွေထွက်မနေနဲ့,
ကံကောင်းတာတစ်ခုက ကျိချင်ကမင်းကို
ပြန်မကိုက်ဘူးလေကွာ, ဒီတကြိမ် ငါတို့သူ့ကို ဖယ်မထုတ်နိုင်ပေမယ့် အရှုံးမရှိပါဘူး၊
အနည်းဆုံး သူနားလည်သွားပြီ"

ကုလီရွှမ်းက နှာခေါင်းရှုံ့ပြီး ,

"ငါ့ရဲ့ လက်ရှိ ကျော်ကြားမှုနဲ့ အနေအထားမှာ ကျွန်တော်က အားနည်းနေသေးတယ်လို့
ထင်တာလား?"

ထိုအချိန်တွင်အေးဂျင့်ဖုန်းမြည်လာပြီးနောက်ဖုန်းဖြေကြားရန်ဘေးဘက်သို့လျှောက်လာခဲ့လိုက်တယ်။

ကုလီရွှမ်း ကသူ့လက်ထောက်ကို ကြည့်ပြီး
ဖိနပ်ကို ဆွဲချွတ်၍ထိုသူ့ ခေါင်းတည့်တည့်ထိမှန်အောင်ပစ်ရင်း အော်ဟစ်လာတယ်၊

"ထွက်သွား...ငါမင်းကိုဒီနေ့ထပ်မတွေ့ချင်တော့ဘူး!"

လက်ထောက်လေးကခေါင်းလေးညိတ်ပြီး
အလျင်အမြန် ထွက်သွားခဲ့တယ်။

ဤသို့ သောအကြောင်းတရားများစွာကြောင့်(Complete)(Not Seen Next Life S(S2)✅✅✅✅Where stories live. Discover now