EP37(U&Z)

1K 106 0
                                    

..[ U ]

ကုလီရွှမ်း ပြုံးပြလာတယ်၊

" အဲ့လို ညစ်ပတ်တဲ့အရာကတစ်ကြိမ်တခါ
ထဲလို့များ မင်းထင်လား? မင်း ကိုယ်မင်းရော
ဘယ်လောက်ထိဆွဲဆောင်မှုရှိလဲဆိုတာ
မင်းသိလား? ငါဘာလို့မင်းနောက်ကွယ်မှာ
လှည့်ကွက်တွေထပ်ခါထပ်ခါလုပ်ပြီး မင်းကို တားနေရတာလဲဆိုတာရော မင်းသိလား?
ဒီ အသိုင်းအဝိုင်းက ရှုပ်ထွေးပြီး ညစ်ပတ်လွန်းလို့ ..ငါကတော့ ခုန်ချပြီးပြီမို့ ,
မင်းကိုပါ ထပ်ပြီး ပြုတ်မကျစေချင်ဘူး"

"ငါမင်းကို သတိပေးခဲ့တယ်...မင်းကိုဒီလောကထဲကနေနှုတ်ထွက်ဖို့ လည်း
ငါအကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့်,
မင်းဘာလို့ ငါ့စကားကို နားမထောင်ရတာလဲ? အကယ်၍မင်းသာ ငါ့စကားကို နားထောင်ခဲ့မယ်ဆိုရင်, ငါတို့ ဒီမှာ ခုလိုအနေအထားနဲ့ ရှိနေရမှာမဟုတ်ဘူး"

လီမော် ရုတ်တရက် တစ်စုံတစ်ရာကိုတွေးဆလိုက်မိတယ်၊

" ဒါဆို...ငါဒီလောကထဲကထွက်သွားအောင်
ကုမ္ပဏီကိုလည်း လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာထဲက ငါ့ကို ဖုံးကွယ်အောင်မင်းပဲလုပ်ခဲ့တာလား?"

"ဟုတ်တယ်"

ကုလီရွှမ်းက ခါးသီးစွာဖြင့် ပြုံးပြလာတယ်၊

" အဲ့ဒီတုန်းက ငါ့ဘက်ကနေ မင်းကို ကူညီဖို့ ပိုက်ဆံတွေ အများကြီးလည်း အဆင်သင့်ပြင်ထားခဲ့တယ်၊မင်း စာချုပ်ကို ဖျက်သိမ်းဖို့
ဆန္ဒရှိနေသရွေ့ ချွင်းချက် မရှိ ငါ့ဘက်က
မင်းအတွက် အကုန်လုပ်ပေးဖို့ပေါ့...ဒါပေ
မယ့်ငါလုံးဝ မမျှော်လင့်ထားခဲ့ဘူး၊မင်းက
ဥက္ကဌရှကို အကူအညီတောင်းခဲ့တယ်!"

သူနိုင်ငံခြားသို့ ထွက်သွားခဲ့ပြီးနောက်
ကုလီရွှမ်းက ရှလျန်ထံသို့ သွားကာသူ့အတွက်ရှလျန်ပေးခဲ့ရတဲ့ ပိုက်ဆံတွေအကုန် သူပြန်ပေးဖို့ သွားပြောခဲ့တာကိုလီမော် ပြန်သတိရလာမိတယ်။

ထို အချိန်က ကုလီရွှမ်းရဲ့ မောက်မာတဲ့ အပြောကြောင့် သို့မဟုတ်ရှလျန်ရဲ့ ကုလီရွှမ်းအပေါ် ထားတဲ့ မလိုမုန်းထားစိတ်ကြောင့်
ကုလီရွှမ်းရဲ့ လုပ်ရပ်အားရန်ငြိုးတစ်ခုပမာသတ်မှတ်ခဲ့ခြင်း ဖြစ်နိုင်လောက်တယ်။

ဤသို့ သောအကြောင်းတရားများစွာကြောင့်(Complete)(Not Seen Next Life S(S2)✅✅✅✅Where stories live. Discover now