..[ U ]
ပြန်ပေးဆွဲမှု ဖြစ်ပြီး ဒုတိယမြောက်နေ့တွင်
ကျုန်းရှိူ့ တစ်ယောက် သူ့ရဲ့ရှေ့နေနှင့်အတူ
မြို့တော်ဘီသို့အပြေးအလွှားသွားကာ
ရဲများနှင့်တွေ့ဆုံ၍ နောက်ဆက်တွဲ
ညှိနှိုင်းမှု အချို့ ပြုလုပ်ခဲ့တယ်။ကျိချင်ရဲ့ ဝမ်းကွဲညီဖြစ်တဲ့ စုန့်ယန်ကကျိချင်တွင် ပြင်ပပွန်းပဲ့ဒဏ်ရာမှလွဲပြီးကြီးကြီးမားမား ပြသနာမရှိမှန်းသိသော်လည်းအထူး
တလည်သတင်းမေးရန်ရောက်လာခဲ့တယ်။ဆေးရုံအဝင်ဝ၌သူတို့နှစ်ယောက်တွေ့ဆုံမိ
ကြပြီးကျုန်းရှို့ကစုန့်ယန်ကိုနှုတ်ဆက်သည့် အနေဖြင့် ခေါင်းညိတ်ပြလိုက်တယ်။စုန့်ယန်အနည်းငယ်စိတ်မကောင်းဖြစ်မိတယ်၊ ကျုန်းရှို့ နှင့်ကလေးဘဝတုန်းကတည်းကစကားအပြောအဆိုသိပ်မရှိပေမယ့် ဆက်ဆံရေးကတော့ ကောင်းမွန်တယ်၊ရှလင်သူ့ကို လျစ်လျူ ရှုတဲ့အတောအတွင်း ကျုန်းရှိူ့က
စုန့်ယန် ထံသို့ မက်ဆေ့ ဒါမှမဟုတ်ဖုန်းဖြင့်တိတ်တဆိတ်ကူညီပေးခဲ့တယ်။ယခုတွင်မူ , ကျုန်းရှိူ့ ရဲ့ အေးစက်နေတဲ့ အမူအရာက နားမလည်နိုင်တဲ့ အနေအထားတစ်ခုမှာရှိနေတယ် ၊သူတို့ နှစ်ယောက်ဆုံတဲ့အခါတိုင်းအများစုကရှလျန်ရဲ့တုံ့ပြန်မှု အတိုင်းအမြဲ တစေခေါင်းညိတ်ပြတာမျိုးပဲ
ရှိနေခဲ့တယ်။ရှလျန် အကြောင်းကို တွေးမိရာမှ,စုန့်ယန်မကျေမနပ်ဖြစ်မှုကို ထိန်းချုပ်လို့မရနိုင်တော့ဘူး၊
" လျန်ကော အခု ဘာတွေလုပ်နေလဲ ? သူ့ကို
ဒီရက်ပိုင်းတွေမှာ ငါလုံးဝမတွေ့ရဘူး၊ ပြီးခဲ့တဲ့ အပတ် ရင်းနှီးမြှုပ်နှံမှုအစည်းအဝေးကိုတောင် လာမတက်ဘူး၊ ငါ့ကို အမှန်အတိုင်း ပြောစမ်းပါ...သူအခု ဘာတွေလုပ်နေလဲ?
ကြက်တွေလို ဥပေါက်ဖို့အိမ်မှာဝပ်နေတာလား?"ကျုန်းရှိူ့ စကားပြန်ပြောဖို့ အစီအစဥ်မရှိ
ပေမယ့် နောက်ဆုံးသောစကားကို ကြားလိုက်ရတဲ့အခါ မျက်လုံးပြူးပြီး စုန့်ယန်ကို အံ့သြတကြီး ကြည့်လိုက်မိတယ်။ရှလျန် ကိုယ်ဝန် ဆောင်ရသည့် ကိစ္စက စုန့်ယန်နားထဲသို့ ရောက်နေပြီဟု မသိစိတ်ဖြင့်တွေး နေမိရင်း ဒူလန်ကျဲ သို့မဟုတ် ခဲ့မိုင်က များ ပြောလိုက်သလားလို့ပါ တဆက်တည်း တွေးနေမိတယ်၊ဒါပေမယ့် စုန့်ယန်ရဲ့IQအရ
ဒီအကြောင်းကိုသာတကယ်သိရိုးမှန်ရင်
ခုလိုမျိုး သာမန်ကာလျှံကာပြောလာမည်
မဟုတ်ပေ။
YOU ARE READING
ဤသို့ သောအကြောင်းတရားများစွာကြောင့်(Complete)(Not Seen Next Life S(S2)✅✅✅✅
Lãng mạnနောင်ဘ၀မင်းနဲ့မဆုံချင်တော့ဘူး၏ ဘာသာပြန် (အတွဲ၂)လေးပါ cover photo...credit pinterest