..[ U ]
ညစာစားပြီးတဲ့နောက်, လီမော်နဲ့ ကျိချင်က တက်စီဖြင့် ဗီလာဆီပြန်လာခဲ့ကြတယ်၊
တစ်ဦးတည်းသော အရက်မသောက်သူ
ကျုန်းရှို့က စုန့်ယန်၊ရှလင်နဲ့ ရှလျန်တို့အား အိမ်ပြန်ပို့ဖို့ တာဝန်ယူလိုက်တယ်။ကားပေါ်တွင်လည်းသူစိမ်းမရှိတာမို့ စုန့်ယန်က နောက်ခုံတွင်ထိုင်နေတဲ့ ရှလျန်အား ပြောလိုက်တယ်၊
"လျန်ကော, ကောနဲ့ ကျုန်းရှို့တို့လည်း
come outလုပ်သင့်ပြီ"ရှလျန်က စုန့်ယန်ကို အံ့သြစွာပင် ကြည့်လာရင်း,
"ဘာဖြစ်လို့လဲ ?"
"ကျွန်တော်ကအကြီးကိုမလေးစားတာမျိုးလည်း မဟုတ်သလို ငယ်တဲ့သူကိုလည်းမျက်နှာသာပေးတာမဟုတ်ဘူး၊ အဲ့ဒါက တကယ်ကြီး...အသက်ကြီးလာရင်
အဆင်မပြေနိုင်ဘူး"ရှလင်ကစုန့်ယန် အားတံတောင်ဖြင့်တွတ်ပြီး,
" မင်းပေါက်ကရတွေပြောမနေနဲ့"
ရှလျန်က မေးလာတယ်၊
" ဘာတွေဖြစ်လာမှာမို့လဲ?"
ရှလင်က စုန့်ယန်ပါးစပ်ကို ပိတ်ချင်ပေမယ့်
စုန့်ယန်တစ်ယောက် မူးနေတာမို့ ဘယ်လိုမှကို
တားလို့ မရနိုင်ဘူး။" ကျွန်တော်နဲ့ရှလင် နယ်သာလန်ကို ဟန်းနီးမွန်း သွားကြတယ်၊ပါးနဲ့ဘွားတို့ကလည်း လိုက်လာပြီး 24နာရီလုံးအနားမှာရှိနေတယ်၊
ကျွန်တော်တို့ ဟိုတယ်မှာနေရင်တောင်,သူတို့က ဘေးခန်းမှာနေတယ်၊ဟိုတယ်ကလည်း
အသံမလုံဘူး၊ရှလင်က ကျွန်တော်တို့ အတူနေရင် သူ့အဘွားကြားမှာကို ကြောက်တယ်၊
သူ့ကို လုံးဝ ထိခွင့်မပေးဘူး၊ ကျွန်တော့်မှာ
လဝက်ကျော် ကြာတဲ့ ဟန်းနီးမွန်း ခရီးကို
ဘုန်းကြီးတပါးလို ဥပုပ်စောင့်ခဲ့ရတယ်ဗျာ!"ရှလင်တစ်ယောက် ထို စကားကို ကြားပြီးနောက် ငိုရမလို ရယ်ရမလို ဖြစ်နေတယ်။
မင်းက လဝက်လောက်တောင်သည်းမခံနိုင်ဘူးလား ? အရင်ကနှစ်တွေအကြာကြီး
မင်းဘယ်လို နေခဲ့လဲ? ဘာလဲ လတ်လတ် ဆတ်ဆတ်လေးရှာပြီး စားနေခဲ့တာလား?""မဟုတ်ဘူး...မဟုတ်ဘူးနော်"
စုန့်ယန် တစ်ယောကအလျင်အမြန််ခေါင်းခါလိုက်ပြီး ငြင်းဆိုတယ်၊
YOU ARE READING
ဤသို့ သောအကြောင်းတရားများစွာကြောင့်(Complete)(Not Seen Next Life S(S2)✅✅✅✅
Romantikနောင်ဘ၀မင်းနဲ့မဆုံချင်တော့ဘူး၏ ဘာသာပြန် (အတွဲ၂)လေးပါ cover photo...credit pinterest